Premier League

ကာရာဘောင်းဖလားယူပြီး အင်္ဂလန်မှာဖလားမရသေးတာကို အဆုံးသတ်မယ်လို့ ဆိုခဲ့တဲ့ ပိုချက်တီနို

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက မယ်ဒယ်ဘရော့အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ကာရာဘောင်းဖလားဗိုလ်လုပွဲတက်နိုင်ခဲ့ပြီးနောက် ဒီဆုဖလားကို အရယူပြီး အင်္ဂလန်မှာ ဆုဖလားမရသေးတာကို အဆုံးသတ်မယ်လို့ ဆိုခဲ့ပါတယ်။ ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို မကိုင်တွယ်ခင်က ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ဆောက်သမ်တန်နဲ့...
Premier League

ဘုန်းမောက်နဲ့ပွဲမှာ လီဗာပူးလ်အတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် စံချိန်တင်နိုင်ခဲ့တဲ့ ဒါဝင်နူးနက်ဇ်

လီဗာပူးလ်အသင်းတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ်အသင်းက ဘုန်းမောက်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး စံချိန်ပါတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဝင်နူးနက်ဇ်ဟာ ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ၂ ဂိုးသွင်းယူပြီးနောက် ဒီရာသီ ပြိုင်ပွဲစုံ ၁၀ ဂိုးသွင်းယူထားပြီး...
Premier League

မာရှယ်ကို ကြံ့ခိုင်မှုပိုင်းကောင်းအောင် တစ်ဦးတည်းလေ့ကျင့်ခိုင်းထားတဲ့ အဲရစ်တန်ဟတ်

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ တိုက်စစ်မှူး မာရှယ်ကို ကြံ့ခိုင်မှုပိုင်းကောင်းမွန်အောင် တစ်ဦးတည်းလေ့ကျင့်မှုပြုလုပ်ခိုင်းထားပြီး ကြံ့ခိုင်မှုပိုင်းကောင်းမွန်မှ အသင်းအတွက် ပြန်လည်ရွေးချယ်သွားမယ်လို့ သိရပါတယ်။ မာရှယ်ဟာ ပြီးခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်ပြီးကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိတော့သလို ဖျားနာခဲ့ပြီးနောက် အသင်းဖော်တွေနဲ့ပါ လေ့ကျင့်မှုမပြုလုပ်ရတော့တာပါ။အဲရစ်တန်ဟတ်ကတော့ မာရှယ်ဟာ...
Premier League

ဂန္ထဝင် ဒီဘရိုင်းက မန်စီးတီးကို ချန်ပီယံဆုရအောင်ဦးဆောင်တဲ့သူလို့ ဂွာဒီယိုလာချီးကျူး

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက နယူးကာဆယ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မန်စီးတီးအသင်းအတွက် လူစားဝင်ပြီး ဂိုးသွင်းဂိုးဖန်တီးနိုင်ခဲ့တဲ့ ဒီဘရိုင်းကို ဂန္ထဝင်အဖြစ် တင်စားခေါ်ဝေါ်သွားခဲ့ပါတယ်။ ဒီဘရိုင်းဟာ ဒီပွဲစဉ်ရဲ့ပွဲချိန် ၆၉ မိနစ်မှာ မန်စီးတီးအသင်းအတွက် လူစားဝင်လာခဲ့ပြီး အဖိုးတန်ချေပဂိုးနဲ့...
Premier League

လူတန်နဲ့ပွဲစဉ်မှာ အငြင်းပွားဖွယ်ရာချေပဂိုးပေးခဲ့ရလို့ စိတ်ပျက်နေတဲ့ ကွန်ပနီ

ဘန်လေအသင်းနည်းပြ ကွန်ပနီဟာ ဘန်လေနဲ့ လူတန်အသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူတန်အသင်းဘက်ကို အငြင်းပွားဖွယ်နောက်ကျချေပဂိုးပေးခဲ့တဲ့ VAR ရဲ့ဆုံးဖြတ်ချက်ကို အလွန်စိတ်ပျက်နေခဲ့ပါတယ်။ ဒီပွဲမှာ ဘန်လေအသင်းဟာ ပွဲချိန်အစောပိုင်းမှာကတည်းက ဦးဆောင်ဂိုးသွင်းယူထားနိုင်ခဲ့ပြီး လူတန်အသင်းက ၉၂ မိနစ်မှာချေပဂိုးသွင်းယူခဲ့တာပါ။လူတန်အသင်းက ချေပဂိုးသွင်းယူချိန်မှာ...
Premier League

စပါးနဲ့အတူ ဆုဖလားရဖို့ တိုက်ပွဲဝင်သွားမယ်လို့ ဆိုခဲ့တဲ့ တီမိုဝါနာ

အခုဇန်နဝါရီအပြောင်းအရွှေ့မှာ လိုက်ပ်ဇ်စ်အသင်းကနေ အငှားနဲ့ ရောက်ရှိလာတဲ့ တိုက်စစ်မှူး တီမိုဝါနာက စပါးအသင်းနဲ့အတူ ဆုဖလားတွေရယူဖို့ တိုက်ပွဲဝင်သွားမယ်လို့ ပြောလိုက်ပါတယ်။ စပါးအသင်းဟာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို အာရှဖလားပြိုင်ပွဲအတွက် တောင်ကိုရီးယားနိုင်ငံအသင်းထံ ပေးပို့ထားရတာကြောင့် တီမိုဝါနာကို ခေါ်ယူပြီး တိုက်စစ်ပိုင်းကို အားဖြည့်ခဲ့တာပါ။စပါးအသင်းဟာ...
Premier League

အာနိုးလ်ကို ဒူးဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်လက်လွှတ်ရတော့မယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းရဲ့အဓိကနောက်ခံလူ အာနိုးလ်ဟာ ဒူးဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်အနားယူရမယ်လို့ လက်ထောက်နည်းပြ လီဂျင်ဒါက ပြောလိုက်ပါတယ်။ အာနိုးလ်ဟာ လီဗာပူးလ်အသင်းက အာဆင်နယ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ FA ဖလားတတိယအဆင့်ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာပါ။အာနိုးလ်ရဲ့ဒဏ်ရာအခြေအနေကို စကန်ဖတ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ ကစားသမားဟာ ရက်သတ္တပတ်အနည်းငယ်အနားယူရတော့မှာဖြစ်ပါတယ်။...
Premier League

FA ဖလားက ထွက်ရပြီးနောက် အာဆင်နယ်အနေနဲ့ အနားယူဖို့ လိုအပ်ပြီလို့ ဆိုခဲ့တဲ့ အာတီတာ

အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး FA ဖလားကနေ ထွက်ခွာခဲ့ရပြီးနောက် အသင်းအနေနဲ့ အနားယူဖို့လိုအပ်ပြီလို့ နည်းပြ အာတီတာက ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် နောက်ဆုံး...
Premier League

ဘရန်ဖိုဒ့်ဘီအတွက် ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ အိုင်ဗန်တိုနေး

လောင်းကစားစည်းမျဉ်းချိုးဖောက်လို့ ၈ လကြာပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အိုင်ဗန်တိုနေးဟာ စနေနေ့က ကစားခဲ့တဲ့ ဘရန်ဖိုဒ့်ဘီအသင်းရဲ့ပွဲစဉ်မှာ ပါဝင်ကစားပြီး ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာ ဘရန်ဖိုဒ့်အသင်းကြီးအတွက် ပြန်ပါဝင်ကစားနိုင်တော့မယ့် အိုင်ဗန်တိုနေးဟာ ဘရန်ဖိုဒ့်ဘီအသင်းက ဆောက်သမ်တန်ယူ-၂၃ အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ...
Premier League

မာရှယ်ကို ပေါင် ၆.၈ သန်းနဲ့ စတင်ကမ်းလှမ်းလိုက်တဲ့ ဖီနာဘာချီ

တူရကီကလပ် ဖီနာဘာချီအသင်းဟာ အသင်းလူစာရင်းအင်အားကို တောင့်တင်းစေဖို့အတွက် ယူနိုက်တက်အသင်းတိုက်စစ်မှူး မာရှယ်ကို ခေါ်ယူဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက မာရှယ်ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေတယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောပြီးရက်ပိုင်းအကြာမှာပဲ တူရကီကလပ် ဖီနာဘာချီအသင်းက အပြောင်းအရွှေ့အတွက် စတင်လုပ်ဆောင်လာခဲ့တာပါ။တူရကီမီဒီယာတစ်ခုက ဖီနာဘာချီအသင်းဟာ...