Premier League

မာရှယ်ကို ပေါင် ၆.၈ သန်းနဲ့ စတင်ကမ်းလှမ်းလိုက်တဲ့ ဖီနာဘာချီ

တူရကီကလပ် ဖီနာဘာချီအသင်းဟာ အသင်းလူစာရင်းအင်အားကို တောင့်တင်းစေဖို့အတွက် ယူနိုက်တက်အသင်းတိုက်စစ်မှူး မာရှယ်ကို ခေါ်ယူဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက မာရှယ်ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေတယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောပြီးရက်ပိုင်းအကြာမှာပဲ တူရကီကလပ် ဖီနာဘာချီအသင်းက အပြောင်းအရွှေ့အတွက် စတင်လုပ်ဆောင်လာခဲ့တာပါ။တူရကီမီဒီယာတစ်ခုက ဖီနာဘာချီအသင်းဟာ မာရှယ်အတွက် ယူနိုက်တက်အသင်းကို ပေါင် ၆.၈ သန်းနဲ့ ပထမဆုံးအကြိမ် ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

တူရကီကလပ်က ယူနိုက်တက်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့အတွက် မာရှယ်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။ဖီနာဘာချီနဲ့ယူနိုက်တက်အသင်းတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားအရောင်းအဝယ်တွေရှိခဲ့ကြတာဖြစ်ပါတယ်။ဖရက်ဒ်က ယူနိုက်တက်အသင်းကနေ ဖီနာဘာချီအသင်းထံ ပြောင်းခဲ့ပြီး ဂိုးသမားဘယင်ဒါက ဖီနာဘာချီအသင်းကနေ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

၂၀၁၅ က မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မာရှယ်ဟာ ယူနိုက်တက်အသင်းအတွက် ၃၁၇ ပွဲပါဝင်ကစားထားပြီး ဂိုး ၉၀ သွင်းယူထားကာ ၅၅ ဂိုးဖန်တီးမှုပြုလုပ်ထားပါတယ်။မာရှယ်ကို ခေါ်ယူဖို့ ဝက်စ်ဟမ်းနဲ့ အင်တာမီလန်အသင်းတို့ကလည်း အရင်က ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ