Transfer

အန်ဒိုကို ခေါ်ယူဖို့ လီဗာပူးလ်သဘောတူညီမှုရရှိ

လီဗာပူးလ်အသင်းဟာ စတုဂတ်အသင်းကွင်းလယ်လူ အန်ဒိုကို ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီး စတုဂတ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၆ သန်းပေးချေရမယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ အဓိကပစ်မှတ်တွေဖြစ်တဲ့ ကိုင်စီဒိုနဲ့ လာဗီးယားတို့ကို မခေါ်ယူနိုင်ခဲ့ပြီးနောက် အန်ဒိုကို ခေါ်ယူဖို့ လှုပ်ရှားလာခဲ့ပြီး အခုဆို...
Transfer

ပီအက်စ်ဂျီက ထွက်ပြီး အယ်လ်ဟီလယ်ကို ပြောင်းတာ ငွေကြေးကြောင့်မဟုတ်ဘူးလို့ နေမာဆို

နေမာက သူဟာ ကမ္ဘာ့အဆင့်ကစားသမားဖြစ်ချင်တာကြောင့် ဥရောပဘောလုံးလောကကို စွန့်ခွာဖို့ ဆုံးဖြတ်ပြီး အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာလို့ ပြောခဲ့ပါတယ်။ နေမာဟာ ၆ နှစ်ကြာကစားခဲ့တဲ့ ပီအက်စ်ဂျီကနေ ထွက်ခွာပြီး ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။နေမာဟာ ဆော်ဒီကလပ်နဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး...
Transfer

ဖီနာဘာချီထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသွားပြီဖြစ်တဲ့ ဖရက်ဒ်

ဘရာဇီးလ်ကွင်းလယ်ကစားသမား ဖရက်ဒ်ဟာ ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့ဖို့အတွက် နှစ်ဖက်အသင်းကြား သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဖရက်ဒ်အတွက် ဖီနာဘာချီအသင်းက ကမ်းလှမ်းတဲ့ ပေါင်(၁၀)သန်း၊အပိုဆုကြေးပေါင်(၅)သန်းကို လက်ခံလိုက်တာပါ။အဲ့ဒါကြောင့် ကစားသမားဟာ တူရကီကလပ်နဲ့ ဆေးစစ်မှုတွေပြုလုပ်တော့မှာဖြစ်ပြီး အပြောင်းအရွှေ့ကို မကြာခင်အချိန်မှာ ကြေညာသွားဖို့ရှိနေပါတယ်။ ဖရက်ဒ်ဟာ ယူနိုက်တက်အသင်းအတွက်...
Transfer

ဟာရီကိန်းအတွက် ဘိုင်ယန်မြူးနစ်ရဲ့ယူရိုသန်း ၁၀၀ နဲ့ ကမ်းလှမ်းမှုကို စပါးလက်ခံ

စပါးအသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ယူရိုသန်း ၁၀၀ နဲ့ နောက်ဆုံးအကြိမ်ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီလို့ David Ornstein က ဖော်ပြလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့စကတည်းက ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့ကြိုးစားခဲ့ပြီး အရင်ကမ်းလှမ်းခဲ့တဲ့ ၃ ကြိမ်စလုံးပယ်ချခံခဲ့ရတာပါ။ဒါပေမယ့်...
Transfer

အယ်လ်အီတီဟတ်နဲ့ ဆာလတ်ရဲ့အပြောင်းအရွှေ့သတင်းတွေကို အေးဂျင့်ငြင်း

လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလတ်ဟာ ဆော်ဒီပရိုလိဂ်ချန်ပီယံ အယ်လ်အီတီဟတ်အသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် ကစားသမားရဲ့အေးဂျင့်က ငြင်းဆန်သွားခဲ့ပါတယ်။ အယ်လ်အီတီဟတ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ ဘန်ဇီမာ၊ ကန်တီ၊ဖာဘင်ဟိုနဲ့ ဂျိုတာတို့ကို ခေါ်ယူပြီးနောက် ဥရောပရှိထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်ဖို့အတွက် ထပ်ပြီးကြိုးစားနေတာပါ။အခုအချိန်မှာ အယ်လ်အီတီဟတ်အသင်းဟာ ဆာလတ်ကို ၂...
Transfer

မာနေးရဲ့အပြောင်းအရွှေ့ကို အယ်လ်နာဆာ အတည်ပြု

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်ကစားသမား မာနေးကို ပေါင် ၃၅ သန်းနဲ့ ၄ နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းမှာ ဒဏ်ရာတွေ၊ အသင်းဖော် ဆာနေးကို ထိုးကြိတ်ခဲ့တာတွေကြောင့် မာနေးဟာ တစ်ရာသီအကြာမှာပဲ ဂျာမန်ကလပ်ကနေ ထွက်ခွာခဲ့ရတာပါ။မာနေးဟာ...
Transfer

ဆော်ဒီပရိုလိဂ်က အပြောင်းအရွှေ့ဈေးကွက်ကို ပြောင်းလဲခဲ့တယ်လို့ ဂွာဒီယိုလာဆို

ဆော်ဒီလိဂ်ရဲ့ငွေကြေးသုံးစွဲမှုတွေဟာ အပြောင်းအရွှေ့ဈေးကွက်ကို ပြောင်းလဲခဲ့ပြီး ထိပ်တန်းကလပ်တွေအနေနဲ့ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို သတိထားဖို့လိုအပ်တယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။ ဆော်ဒီလိဂ်ဟာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီးနောက် နာမည်ကျော်ကစားသမားအများအပြားကို နိုင်ငံအတွင်း ခေါ်ဆောင်နိုင်ဖို့ ကြီးမားစွာဆွဲဆောင်နိုင်ခဲ့တာပါ။မန်စီးတီးတောင်ပံကစားသမား မာရတ်ဇ်နဲ့ နယူးကာဆယ်တောင်ပံကစားသမား စိန့်မက်ဆီမင်တို့ဟာ မကြာသေးခင်က...
Transfer

ဟော့ဂျ်လန်းကို ပေါင် ၇၂ သန်းနဲ့ ခေါ်ယူဖို့ ယူနိုက်တက်နဲ့ အတ္တလန္တာတို့ သဘောတူညီမှုရရှိ

ယူနိုက်တက်အသင်းဟာ အတ္တလန္တာအသင်းတိုက်စစ်မှူး ဟော့ဂျ်လန်းကို ပေါင် ၇၂ သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် စီးရီးအေကလပ်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အခုအပြောင်းအရွှေ့မှာ တိုက်စစ်မှူး တစ်ဦးခေါ်ယူနိုင်ဖို့ကို ဦးစားပေးလုပ်ဆောင်ခဲ့ပြီး ရာသီသစ်မစတင်ခင်မှာ ဟော့ဂျ်လန်းကို ခေါ်ယူနိုင်တော့မှာပါ။ယူနိုက်တက်အသင်းဟာ ဟော့ဂျ်လန်းအတွက် အတ္တလန္တာအသင်းကို...
Transfer

ဘတ်ပီကို အငှားနဲ့ ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ လီဗာပူးလ်အံ့အားသင့်ဖွယ်ဆွေးနွေးမှုပြုလုပ်

လီဗာပူးလ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီကို အငှားနဲ့ ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို ရောင်းချဖို့ ပြင်ဆင်နေပြီး အသင်းရဲ့အာရှခရီးစဉ်လူစာရင်းကနေတောင် ချန်လှပ်ခဲ့တာပါ။ဘတ်ပီကို ခေါ်ယူဖို့ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၂၅၉)သန်းနဲ့ ကမ်းလှမ်းတာကို...
Transfer

အယ်လ်နာဆာက ရော်နယ်ဒိုကိုခေါ်ပြီးနောက် အယ်လ်ဟီလယ်က မက်ဆီကိုခေါ်ဖို့လုပ်ဆောင်

အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို လုပ်ခလစာအမြောက်အများပေးပြီး ခေါ်ယူပြီးနောက် အယ်လ်ဟီလယ်အသင်းကလည်း မက်ဆီကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မန်ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ဆော်ဒီကလပ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်ကြေညာခဲ့တာပါ။ စပိန်သတင်း မွန်ဒိုဒီပိုတီဗိုရဲ့...