Bundesliga

တူချယ်လ်ရဲ့နေရာမှာ ဆိုးလ်ရှားကို ယာယီအစားထိုးဖို့ စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ရလဒ်တွေဆိုးနေတာကြောင့် နည်းပြ တူချယ်လ်ရဲ့နေရာမှာ ယူနိုက်တက်အသင်းနည်းပြဟောင်း ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ်အစားထိုးခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ ဂျာမနီသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဘိုချန်အသင်းကို အရေးနိမ့်ပြီးနောက် ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက်အရေးနိမ့်ခဲ့တာပါ။အဲ့ဒါကြောင့် နည်းပြတူချယ်လ်ဟာ ဖိအားတွေနဲ့...
Bundesliga

ရှုံးပွဲဆက်နေပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ထောက်ခံမှုကို ရရှိနေတဲ့ တူချယ်လ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘိုချန်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲစုံ ၃ ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ရပေမယ့် နည်းပြ တူချယ်လ်ကို ထုတ်ပယ်သွားဦးမှာမဟုတ်ဘူးလို့ အသင်းရဲ့CEOံ အတည်ပြုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘိုချန်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဘွန်ဒစ်လီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လေဗာကူဆင်အသင်းနဲ့...
Bundesliga

ဟီဒန်ဟိမ်းကိုအနိုင်ရပြီးနောက် ဘိုင်ယန်ရဲ့ရှုံးပွဲမရှိစံချိန်နဲ့ တူညီသွားခဲ့တဲ့ လေဗာကူဆင်

လေဗာကူဆင်အသင်းဟာ မနေ့က ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဟီဒန်ဟိမ်းအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ရှုံးပွဲမရှိစံချိန်နဲ့ တူညီသွားခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီမှာ အံ့အားသင့်ဖွယ်ပုံစံကောင်းတွေပြသနေတဲ့ လေဗာကူဆင်အသင်းဟာ ဟီဒန်ဟိမ်းအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ဒီရာသီပြိုင်ပွဲစုံ ၃၂ ပွဲဆက်တိုက်ရှုံးပွဲမရှိတာဖြစ်ပြီး ၂၀၂၀...
Bundesliga

ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်သွင်းပြီး ဘွန်ဒစ်လီဂါအမှတ်ပေးဇယားကို ၅ မှတ်ဖြတ်ခဲ့တဲ့ လေဗာကူဆင်

လေဗာကူဆင်အသင်းဟာ မနေ့က ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး အမှတ်ပေးဇယားကို ၅ မှတ်ဖြတ်ပြီး ဦးဆောင်လိုက်ပါတယ်။ လေဗာကူဆင်အသင်းအတွက်ဂိုးတွေကို စတန်ဆစ်၊ဂရီမယ်လ်ဒိုနဲ့ ဖရင်ပေါင်တို့က သွင်းယူခဲ့တာပါ။ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲမှာ လေဗာကူဆင်အသင်းကို ဘောလုံးပိုင်ဆိုင်မှုသာ...
Bundesliga

လေဗာကူဆင်ရဲ့ရှုံးပွဲမရှိစံချိန်ချိုးဖျက်ဖို့ ယုံကြည်မှုအပြည့်ရှိတယ်လို့ ဆိုခဲ့တဲ့ တူချယ်လ်

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်က ဒီနေ့ကစားမယ့် လေဗာကူဆင်အသင်းနဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ လေဗာကူဆင်အသင်းရဲ့ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်ဖို့ ယုံကြည်မှုအပြည့်ရှိတယ်လို့ ပြောလိုက်ပါတယ်။ လေဗာကူဆင်အသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၃၀ ပွဲဆက်တိုက်ရှုံးပွဲမရှိဘဲ အကောင်းဆုံးပုံစံရရှိနေပြီး ဒီရာသီဘွန်ဒစ်လီဂါအမှတ်ပေးဇယားမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၂ မှတ်အသာရကာ အမှတ်ပေးဇယားကို...
Bundesliga

ဘိုင်ယန်မြူးနစ်နဲ့အတူ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့ သောမတ်စ်မူလာ

ဘိုင်ယန်မြူးနစ်အသင်းက မိုချန်ဂလာဘတ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဝါရင့်တိုက်စစ်ကစားသမား သောမတ်စ်မူလာဟာ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ ကစားသမားဘဝတစ်လျှောက်လုံး ဘိုင်ယန်မြူးနစ်အသင်းတစ်သင်းတည်းမှာသာ ကစားထားတဲ့ သောမတ်စ်မူလာဟာ ဒီရာစုနှစ်ထဲမှာ နိုင်ပွဲ ၅၀၀ ပြည့်တဲ့ ပထမဆုံး ဘိုင်ယန်မြူးနစ်အသင်းကစားသမားအဖြစ်...
Bundesliga

ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ပထမဆုံးအမျိုးသမီးနည်းပြဖြစ်လာတဲ့ မာရီအီတာ

ယူနီယံဘာလင်အသင်းရဲ့လက်ထောက်နည်းပြ မာရီအီတာဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲကို ကိုင်တွယ်တဲ့ ပထမဆုံးအမျိုးသမီးနည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။မာရီအီတာဟာ ဒမ်စတက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ယူနီယံဘာလင်အသင်းကို နည်းပြအဖြစ်တာဝန်ယူခဲ့တာပါ။ မာရီအီတာဟာ ဒီရာသီအစပိုင်းမှာ ယူနီယံဘာလင်အသင်းရဲ့လက်ထောက်နည်းပြအဖြစ်ခန့်အပ်ခံရတာဖြစ်ပါတယ်။ယူနီယံဘာလင်အသင်းရဲ့နည်းပြ ဘာဂျီလ်ကာဟာ ပြီးခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကစားသမား ဆာနေးရဲ့မျက်နှာကို လက်နဲ့ တွန်းခဲ့တာကြောင့် ၃...
Bundesliga

ဒေါ့မွန်အတွက် ပြန်ကစားနိုင်ခဲ့တဲ့ ပထမဆုံးပွဲစဉ်မှာ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တဲ့ ဆန်ချို

အခုအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ ဆန်ချိုဟာ အသင်းဟောင်း ဒေ့ါမွန်အသင်းအတွက် ပြန်ကစားပေးနိုင်ခဲ့တဲ့ ပထမဆုံးပွဲစဉ်မှာတင် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းက ဒမ်စတက်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဆန်ချိုဟာ ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားသမားအဖြစ်...
Bundesliga

ဟော်ဖန်ဟိမ်းနဲ့ပွဲမှာ ဂိုးသွင်းပြီး လီဝန်ဒေါစကီးနဲ့ စံချိန်တူညီသွားခဲ့တဲ့ ဟာရီကိန်း

ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းက ဟော်ဖန်ဟိမ်းအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီးရဲ့စံချိန်နဲ့ တူညီသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီကမှ စပါးအသင်းကနေ ရောက်ရှိလာတဲ့ ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ရာသီဝက်ပြီးဆုံးချိန်မှာ သွင်းဂိုး ၂၂ ဂိုးသွင်းယူထားတာပါ။အဲ့ဒါကြောင့်...
Bundesliga

ဒေါ့မွန်ထံ ပြောင်းမှာဖြစ်လို့ Instagram အကောင့်ကို ပြန်အသက်သွင်းခဲ့တဲ့ ဆန်ချို

ယူနိုက်တက်အသင်းကနေ ဒေ့ါမွန်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့တော့မယ့် ဆန်ချိုဟာ ပိတ်ထားတဲ့ သူ့ရဲ့Instagram အကောင့်ကို ပြန်လည်အသက်သွင်းလိုက်ပြီဖြစ်ပါတယ်။ ဆန်ချိုဟာ ဒေါ့မွန်အသင်းထံ အငှားနဲ့ပြောင်းရွှေ့မှုကို အပြီးသတ်နိုင်ဖို့အတွက် ဂျာမနီကို ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေဖြစ်ပြီးကတည်းက သူ့ရဲ့အင်စတာဂရမ်အကောင့်ကို ပိတ်ထားခဲ့ပေမယ့်...