Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။

မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။

ဒါ့အပြင် နည်းပြတန်ဟက်ခ်ကလည်း ဗာရန်းနဲ့လီဆန်ဒရိုမာတီနက်ဇ်အတွဲကိုသာ ပွဲထုတ်တော့မှာဖြစ်တယ်လို့ အရိပ်အမြွက်ပြောကြားထားပါတယ်။ အသင်းခေါင်းဆောင်ဖြစ်တိုင်းလည်း အမြဲတမ်း ကစားခွင့်ရမှာ မဟုတ်ဘူးလို့ အသိပေးထားပါတယ်။

လာမယ့် နိုဝင်ဘာမှာ (၂၀၂၂) ကာတာကမ္ဘာ့ဖလားကို စတင်ကျင်းပတော့မှာဖြစ်ပြီး (၂) လဝန်းကျင်သာ လိုတော့ချိန်မှာ မက်ဂွိုင်းရားက ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားတာပါ။ အဲ့ဒါကြောင့် သူ့အနေနဲ့ အင်္ဂလန်လက်ရွေးစင်နေရာကိုပါ ဆုံးရှုံးနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ဒါပေမယ့် သတင်းတွေရဲ့ဖော်ပြချက်အရ အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ မက်ဂွိုင်းရာဆီ တိုက်ရိုက်ဆက်သွယ်ပြီး လက်ရှိ ယူနိုက်တက်မှာ အရံခုံထိုင်နေရတာက သူ့ရဲ့ လက်ရွေးစင်နေရာနဲ့ ပွဲကစားချိန်ကို အကျိုးသက်ရောက်မှုရှိနိုင်မှာမဟုတ်ကြောင်း အာမခံထားတယ်လို့ သိရှိရပါတယ်။

မက်ဂွိုင်းရားဟာ ဆောက်ဂိတ်စိတ်ကြိုက် ကစားသမားတယောက်ဖြစ်ပြီး မက်ဂွိုင်းရားကို အင်္ဂလန်ပရိသတ်တွေ ဝေဖန်လှောင်ပြောင်ချိန်မှာတောင် မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့သူတယောက်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ
Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။