လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလက်ဟာ စပါးအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးပြီးနောက် စံချိန်မှတ်တမ်းတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။
ဒါကတော့ ဆာလက်ဟာ ပရီးမီးယားလိဂ် ၃ ရာသီဆက်တိုက် ဂိုးသွင်း၊ဂိုးဖန်တီးမှု ၁၀ ဂိုးနဲ့အထက် ပြုလုပ်နိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာပါ။ဆာလက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းအတွက် ၁၈ ဂိုးသွင်းယူထားပြီး ၁၀ ဂိုးဖန်တီးထားတာဖြစ်ပါတယ်။
ဆာလက်ဟာ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ လူစားလဲဝင်ရောက်ချိန် နည်းပြ ကလော့ပ်နဲ့ အငြင်းပွားမှုတွေ ဖြစ်ခဲ့သေးတာပါ။ဒါပေမယ့် ဆာလက်ဟာ စပါးအသင်းနဲ့ ပွဲမှာ ပွဲထွက်လူစာရင်းပါဝင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ နိုင်ပွဲကြောင့် အဆင့် ၃ နေရာမှာပဲ ဆက်လက်ရပ်တည်နေခဲ့ပြီး ဒီတစ်ပတ်မှာ အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။