Uncategorized

မိမိရဲ့နည်းပြဘဝမှာ ဒဏ်ရာအများအပြားရတာကို မကြုံတွေ့ခဲ့ဖူးဘူးလို့ဆိုခဲ့တဲ့ တန်ဟတ်

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အသင်းမှာ ဒဏ်ရာရကစားသမားတွေအလွန်များပြားတဲ့ အခြေအနေကို ကြုံတွေ့ခဲ့ရပြီးနောက် သူ့ရဲ့နည်းပြဘဝမှာ ဒီလိုမျိုးဒဏ်ရာအများအပြားရတာကို မကြုံတွေ့ခဲ့ဖူးဘူးလို့ဆိုခဲ့ပါတယ်။

MANCHESTER, ENGLAND – APRIL 27: Erik ten Hag, Manager of Manchester United, looks on during the Premier League match between Manchester United and Burnley FC at Old Trafford on April 27, 2024 in Manchester, England. (Photo by Michael Regan/Getty Images)

ယူနိုက်တက်အသင်းဟာ ဒီနေ့ကစားမယ့် ပဲလေ့စ်အသင်းနဲ့ပွဲမတိုင်ခင်မှာ ဗဟိုနောက်ခံလူ မက်ဂွဲယားဟာ လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ၃ ပတ်ကြာအနားယူရတော့မှာဖြစ်ပါတယ်။အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ဗဟိုခံစစ်မှူး အားလုံးဒဏ်ရာရနေတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတာပါ။ဒါပေမယ့် အီဗန်စ်ဟာ မကြာသေးခင်က အသင်းနဲ့ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နိုင်ခဲ့တာကြောင့် ပဲလေ့စ်အသင်းနဲ့ပွဲစဉ်ကို ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။

အဲရစ်တန်ဟတ်က “(၁၀)နှစ်ကျော် နည်းပြဘဝမှာ ဒီလိုမျိုးဒဏ်ရာအများအပြားရတဲ့ အတွေ့အကြုံကို မကြုံတွေ့ခဲ့ဖူးပါဘူး။နေရာအချို့မှာဆိုရင် ကျနော်တို့အတွက် ရွေးချယ်စရာမရှိပါဘူး။ဒီလိုဒဏ်ရာအခက်အခဲတွေဟာ ၁၀ နှစ်မှာတစ်ကြိမ်ဖြစ်နိုင်ပါတယ်”လို့ဆိုခဲ့ပါတယ်။

ပဲလေ့စ်အသင်းနဲ့ပွဲကို ခံစစ်ကစားသမား ၅ ဦး၊ဘယ်နောက်ခံလူ ၂ ဦးအပြင် ရက်ရှ်ဖိုဒ့်၊တော်မီနေးနဲ့ မာရှယ်တို့လည်း လွဲချော်ဖွယ်ရှိနေတာပါ။ဒဏ်ရာကြောင့် ဒီပွဲကို လွဲနိုင်တယ်လို့သတင်းထွက်နေတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကိုတော့ နည်းပြ အဲရစ်တန်ဟတ်က ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol