Uncategorized

အဆိုးရွားဆုံးစံချိန်မှတ်တမ်းတွေနဲ့ ဥရောပဝင်ခွင့်ကိုပါ လက်လွှတ်ရဖို့ရှိနေတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ပဲလေ့စ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ပြီးနောက် အဆိုးရွားဆုံးစံချိန်မှတ်တမ်းတွေကိုပါ ပိုင်ဆိုင်လာခဲ့ရပြီဖြစ်ပါတယ်။

ဒီတစ်ရာသီလုံး ခံစစ်ပိုင်းဆိုးရွားနေတဲ့ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေကလိုပဲ ခံစစ်ပိုင်းက ပဲလေ့စ်အသင်းကို ကန်သွင်းခွင့်တွေအများကြီးပေးခဲ့ပြီး ဂိုးပြတ်ရှုံးနိမ့်မှုပါကြုံတွေ့ခဲ့ရတာပါ။ယူနိုက်တက်အသင်းဟာ ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၃ ပွဲအထိရှုံးပွဲကြုံတွေ့ခဲ့ပြီး အသင်းရဲ့သမိုင်းမှာ အများဆုံးရှံးပွဲဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘယ်တုန်းကမှ ပရီးမီးယားလိဂ်ရဲ့အဆင့် ၇ အောက်ရပ်တည်ပြီး ရာသီအဆုံးမသတ်ပေမယ့် အခုအချိန်မှာတော့ အသင်းဟာ အဆင့် ၈ နေရာမှာရပ်တည်နေတာပါ။ယူနိုက်တက်အသင်းဟာ ဒီရာသီပြိုင်ပွဲစုံပေးဂိုး ၈၁ ဂိုးအထိရှိနေခဲ့ပြီး ၁၉၇၇ နောက်ပိုင်း အဆိုးရွားဆုံးမှတ်တမ်းဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးကွာခြား -၃ အထိဖြစ်နေပြီး ခံစစ်ပိုင်းက အလွန်ဆိုးရွားနေတာကို ပြသနေတာပါ။မန်ချက်စတာကလပ်ဟာ ဒီရှုံးပွဲတွေကြောင့် ဥရောပဝင်ခွင့်အပြင်ဘက်ဖြစ်တဲ့ အဆင့် ၈ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်လက်ကျန်ပွဲတွေအဖြစ် အာဆင်နယ်၊နယူးကာဆယ်၊ဘရိုက်တန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

အဲ့ဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ ဥရောပဝင်ခွင့်ရရှိဖို့ ခက်ခဲသွားနိုင်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol