ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အသင်းဟောင်းအနေနဲ့ နည်းပြ အဲရစ်တန်ဟတ်ကို ရာထူးက ထုတ်ပယ်ပြီး လက်ထောက်နည်းပြ မက္ကလာရင်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပဲလေ့စ်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်တဲ့ပွဲမှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးနောက် နည်းပြအဲရစ်တန်ဟတ်ရဲ့ရာထူးကလည်း လှုပ်ခတ်လာခဲ့တာပါ။အဲရစ်တန်ဟတ်ကတော့ သူဟာ အသင်းကို ဦးဆောင်ဖို့အတွက် မှန်ကန်တဲ့သူဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် မိုက်ကယ်အိုဝင်ကတော့ ယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီလက်ကျန်ပွဲစဉ်တွေကို မက္ကလာရင်နဲ့အတူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြောလာခဲ့တာပါ။မိုက်ကယ်အိုဝင်က အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ မှန်ကန်တဲ့သူမဟုတ်တဲ့ အတွက် အရေးပါတဲ့ ပွဲတွေမတိုင်ခင်မှာ သူ့ကို ထုတ်ပယ်ပြီး မက္ကလာရင်ကို ကိုင်တွယ်စေဖို့ ပြောလာခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေအဖြစ် အာဆင်နယ်၊နယူးကာဆယ်၊ဘရိုက်တန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး FA ဖလားဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။