Uncategorized

၀က်စ်ဟမ်းကို စိတ်ကြိုက်ကစားပြီး ဂိုးအလှူသွင်းခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ အဖြစ်ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီးအသင်းအတွက်ဂိုးတွေကို ဂျက်ဆန်က ၂ ဂိုး၊ပယ်လ်မာ၊မာဒူကီနဲ့ ဂါလက်ဂါတို့က သွင်းယူခဲ့တာပါ။ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ ဝက်စ်ဟမ်းအသင်းကို တစ်ပွဲလုံးအသာစီးနဲ့ ကစားခဲ့တာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်း၊ဂိုးပေါက်ကန်သွင်းမှု ၂၅ ကြိမ်အထိရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ၁၄ ကြိမ်အထိ ရှိခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ ဂိုးပေါက်တည့်မှုတွေမှာသာ ဂိုးအဖြစ်ပြောင်းလဲနိုင်မယ်ဆိုရင် ဒီထက်ပိုပြီးသွင်းဂိုးတွေရယူနိုင်မှာလည်းဖြစ်တာပါ။ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းကို အရေးနိမ့်ပြီးနောက်ပိုင်းကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘဲ ဒီထဲမှာ စပါးနဲ့ ဝက်စ်ဟမ်းအသင်းတို့ကို အနိုင်ရခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်ပါဝင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားအဆင့် ၇ နေရာအထိ တက်နိုင်ခဲ့ပြီး ဥရောပဝင်ခွင့်မျှော်လင့်ချက်တွေရှင်သန်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol