Uncategorized

ရွိုင်ကိန်းကို ဂရုမစိုက်ဘူးလို့ ပြောလိုက်တဲ့ ဟာလန်း

မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းက သူ့ကို ဝေဖန်မှုတွေပြုလုပ်နေတဲ့ ဘောလုံးပွဲဝေဖန်သူ ယူနိုက်တက်ကွင်းလယ်လူဟောင်း ရွိုင်ကိန်းကို ဂရုမစိုက်ဘူးလို့ ပြောခဲ့ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ အပိုင်အခွင့်အရေးတွေကို လွဲချော်ပြီးနောက် ရွိုင်ကိန်းက ဟာလန်းဟာ လိဂ်တူးအဆင့်သာရှိတဲ့ ကစားသမားလို့ ပြောခဲ့တာပါ။ဟာလန်းဟာ ဝုလ်ဗ်စ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မန်စီးတီးအသင်းအတွက် ၄ ဂိုးသွင်းယူပြီးနောက် သူ့အပေါ်ဝေဖန်ခဲ့တဲ့ ရွိုင်ကိန်းကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းက “ဒီလူကို ကျနော်လုံးဝဂရုမစိုက်ပါဘူး။အခုအနားယူပြီး လာမယ့်ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်ကို အာရုံစိုက်သွားမယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ဒီပွဲမှာ ၄ ဂိုးသွင်းယူခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၂၅ ဂိုးအထိရှိလာခဲ့ပြီး သူ့ရဲ့အနောက်မှာရှိနေတဲ့ ကစားသမားတွေကို ၅ ဂိုးအသာရထားတာပါ။အဲ့ဒါကြောင့် ဟာလန်းဟာ ပရီးမီးယားလိဂ်ဂိုးသွင်းရွှေဖိနပ်ဆုကို ထပ်မံသိမ်းပိုက်နိုင်ဖို့ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol