Uncategorized

ဒီရာသီဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၄ ကြိမ်မြောက်ဟက်ထရစ်ယူနိုင်ခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ဝါဒါအသင်းကို ၆ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိတဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ဒီရာသီလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ် ၄ ကြိမ်အထိ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက်တော့ ဒီဟက်ထရစ်ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ ရယူနိုင်ခဲ့တဲ့ ၆၆ ကြိမ်မြောက်ဟက်ထရစ်လည်းဖြစ်ခဲ့တာပါ။အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီဟက်ထရစ်ကြောင့် ဒီရာသီ ဆော်ဒီပရိုလိဂ်သွင်းဂိုး ၃၂ ဂိုးအထိရှိလာခဲ့ပြီး ဂိုးသွင်းရွှေဖိနပ်ဆုရဖို့လည်း သေချာနေတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမှာ ဘယ်ခြေ၊ညာခြေ၊ခေါင်းတိုက်ဂိုးသွင်းယူခဲ့တာကြောင့် ပြီးပြည့်စုံတဲ့ ဟက်ထရစ်ဖြစ်ခဲ့တာပါ။ဒီရာသီ ဆော်ဒီပရိုလိဂ်ပွဲစဉ်ပြီးဆုံးဖို့ ၄ ပွဲကျန်ရှိနေသေးတာကြောင့် ရော်နယ်ဒိုဟာ နောက်ထပ်သွင်းဂိုးတွေ ထပ်မံရရှိဖို့ ရှိနေတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းနဲ့အတူ ရယူနိုင်စရာဆုဖလားအဖြစ် ဆော်ဒီဘုရင့်ဖလားသာ ရှိပြီး ဗိုလ်လုပွဲအဖြစ် အယ်လ်ဟီလယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol