Uncategorized

နယူးယော့ခ်ရက်ဘူးလ်နဲ့ပွဲမှာ အတွဲညီစွာဂိုးသွင်း၊ဂိုးဖန်တီးခဲ့ကြတဲ့ မက်ဆီနဲ့ ဆွာရက်ဇ်

အင်တာမိုင်ယာမီအသင်းက နယူးယော့ခ်ရက်ဘူးလ်အသင်းကို ၆ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ ခြေစွမ်းပြပြီး ဂိုးသွင်းဂိုးဖန်တီးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလရဲ့မေဂျာလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိထားတဲ့ မက်ဆီဟာ ဒီပွဲမှာ ၁ ဂိုးသွင်းပြီး ကျန်တဲ့ ၅ ဂိုးကို ဖန်တီးပေးသွားခဲ့တာပါ။ဆွာရက်ဇ်ဟာ ဒီပွဲမှာ ၁ ဂိုးသွင်းပြီး ၃ ဂိုးဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။မက်ဆီဟာ ဆွာရက်ဇ်သွင်းယူတဲ့ ၃ ဂိုးစလုံးကို ဖန်တီးခဲ့တာဖြစ်ပြီး ဆွာရက်ဇ်ကလည်း မက်ဆီသွင်းယူတဲ့ ဂိုးကို ဖန်တီးပေးခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ၄ ပွဲဆက်တိုက်နိုင်ပွဲရယူပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ဦးဆောင်နေတာဖြစ်ပါတယ်။မက်ဆီဟာ ဒီရာသီမေဂျာလိဂ်ပြိုင်ပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ၁၀ ဂိုးသွင်းယူထားပြီး ဆွာရက်ဇ်က ၇ ဂိုးသွင်းယူထားတာပါ။

အင်တာမိုင်ယာမီအသင်းဟာ လာမယ့်မေဂျာလိဂ်ပွဲစဉ်အဖြစ် မွန်ထရီရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol