Uncategorized

ဘာစီလိုနာရဲ့ရှုံးပွဲကြောင့် လာလီဂါဆုဖလားကို ရယူနိုင်ခဲ့ပြီဖြစ်တဲ့ ရီးရယ်လ်

ရီးရယ်လ်အသင်းဟာ ဘာစီလိုနာအသင်းက ဂျီရိုနာအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ဒီရာသီ လာလီဂါဖလားကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ အစောပွဲစဉ်မှာ ကာဒစ်ဇ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် ဘာစီလိုနာနဲ့ ဂျီရိုနာအသင်းတို့ရဲ့ပွဲရလဒ်ပေါ်မူတည်ပြီး ချန်ပီယံအဖြစ် စောစီးစွာအောင်ပွဲခံလို့ရမှာပါ။အခုတော့ ရီးရယ်လ်အသင်းဟာ လာလီဂါပွဲစဉ်ကစားဖို့ ၄ ပွဲကျန်ရှိတော့တဲ့အချိန်မှာ ဒုတိယနေရာက ဂျီရိုနာအသင်းကို ၁၃ မှတ်ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ရီးရယ်လ်အသင်းဟာ စပိန်လာလီဂါဖလားကို ၃၆ ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာပါ။ရီးရယ်လ်အသင်းဟာ ဒီရာသီမှာ စူပါဖလားနဲ့ လာလီဂါဖလားတို့ကို ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲတက်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ကစားခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့ပြီး ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol