Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။

အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

စပါးဟာ လက်ရှိအချိန်မှာ ဟယ်ရီကိန်းကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။ နည်းပြ ကွန်တီကလည်း သူ့ရဲ့ အဓိက,ကစားသမားကို အသင်းမှာ ဆက်နေဖို့ ဆန္ဒရှိနေပါတယ်။ ဟယ်ရီကိန်းကတော့ ဒီရာသီမှာသာ ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာခဲ့ရင် အသင်းက ထွက်ဖို့ ပြင်ဆင်နိုင်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးကို လက်လွှတ်ခဲ့ရပါတယ်။ ဒီနေရာအတွက် တိုက်ရိုက်အစားထိုးအားဖြည့်ခဲ့ခြင်းလည်း မရှိပါဘူး။

ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ် ပစ်မှတ်တွေထဲက တယောက် အပါအဝင်ဖြစ်ပြီး အဆိုပါ ဘွန်ဒက်စ်လီဂါရဲ့ လက်ရှိချန်ပီယံအသင်းက လာမယ့်နွေရာသီမှာ နာမည်ကျော်တိုက်စစ်မှူးတယောက်ကို ခေါ်ယူအားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။

အဲ့ဒါကြောင့်လည်း ဟယ်ရီကိန်းသာ ဒီကြားထဲမှာ စာချုပ်သစ်ချုပ်ဖြစ်ခဲ့ရင် ဘိုင်ယန်မြူးနစ်အနေနဲ့ ဟယ်ရီကိန်းကို ခေါ်ယူရခက်ခဲသွားနိုင်ပါတယ်။ ဟယ်ရီကိန်းအနေနဲ့ စာချုပ်သစ်မချုပ်ဖြစ်ခဲ့ရင် စာချုပ်သက်တမ်း နောက်ဆုံးနှစ်ရောက်နေတဲ့ ကစားသမားကို ဘိုင်ယန်မြူးနစ်တို့ အလွယ်တကူ ကမ်းလှမ်းနိုင်မှာပါ။

အဲ့ဒါကြောင့်လည်း ဘိုင်ယန်မြူးနစ်က စပါးနဲ့ စာချုပ်သက်တမ်းမတိုးဖို့ ဟယ်ရီကိန်းကို အသိပေးထားတယ်လို့ ဂျာမန်အခြေစိုက် နာမည်ကျော် သတင်းစာတစောင်က ဖော်ပြခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဟယ်ရီကိန်းအပြင် လိုက်ပ်ဇစ်တိုက်စစ်ကစားသမား အန်ကွန်ကူးကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ့ ဟယ်ရီကိန်းကို ခေါ်ယူရခက်ခသ့သွြြိုးစားနေပါတို့လုပ်တ

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ