Champion League

ဘာစီလိုနာက ချန်ပီယံလိဂ်မှာ ပြိုင်ဆိုင်နိုင်စွမ်းမရှိဘူးလို့ ပီဒရီဝန်ခံ

ဘာစီလိုနာ ကွင်းလယ် ကြယ်ပွင့် ကစားသမားလေး ပီဒရီက အသင်းအနေနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ ထိပ်တန်းအဆင့် ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပေမယ့် တိုးတက်ဖို့ လိုအပ်နေဆဲဖြစ်ကြောင်း၊ ချန်ပီယံလိဂ်မှာ ယှဥ်ပြိုင်နိုင်စွမ်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ မနေ့ညက ချန်ပီယံလိဂ် အုပ်စုပွဲစဥ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ခဲ့ရပြီး သူတို့အတွက် (၃) ပွဲမြောက် ရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ဒီပွဲမတိုင်ခင်မှာတည်းက အင်တာမီလန်တို့ ဗစ်တိုးရီးယားပါလ်ဇန်ကို အနိုင်ရခဲ့တာကြောင့် ဘာစီလိုနာတို့ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ပြီး ယူရိုပါလိဂ်မှာ သွားကစားဖို့ သေချာနေခဲ့တာပါ။ ဒီလိုမျိုး ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ရတာ သေချာခဲ့တဲ့နောက် ပီဒရီက “ကျနော်တို့ ဘာစီလိုနာအတွက် ကျရှုံးမှုပါပဲ။ ချန်ပီယံလိဂ်မှာ နောက်တဆင့်မတက်ဘဲ ထွက်ခဲ့ရတာက ကျနော်တို့ ဒီပြိုင်ပွဲမှာ ဆက်ရှိဖို့ မထိုက်တန်လို့ပါ” “ကျနော်တို့က တိုးတက်ဖို့ […]

Champion League

ဘိုင်ယန်မြူးနစ်ကို မယှဥ်နိုင်ပါဘူးဗျာလို့ ဝန်ခံလာရတဲ့ ဘာစီလိုနာနည်းပြ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက သူ့အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်လို အသင်းမျိုးကို မယှဥ်နိုင်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ မနေ့က နူးကမ့်မှာ ကစားခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်က ဘာစီလိုနာကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘာစီလိုနာဟာ အဆိုပွဲမကစားခင်တည်းက အင်တာမီလန်ရဲ့နိုင်ပွဲကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးပါပြီ။ ဒါ့အပြင် နှစ်နှစ်ဆက်တိုက် ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာပါ။ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ မာနေး၊ ချူပိုမိုတင်း၊ ပါဗက်တို့ရဲ့သွင်းဂိုးတွေကြောင့် ဘာစီလိုနာတို့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ ဇာဗီက “ကျနော်တို့ ဘိုင်ယန်မြူးနစ်လို အဆင့်အတန်းမျိုးမှာ မရှိပါဘူး” “သူတို့က ပိုကောင်းတဲ့အသင်းတသင်းဖြစ်ခဲ့ပါတယ်။ မြူးနစ်မြို့မှာ ကစားတုန်းကတော့ ကျနော်တို့က ပိုကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ ဘိုင်ယန်မြူးနစ်က ပိုကောင်းခဲ့ပါတယ်” “အုပ်စုကနေ ထွက်ရတာက ကျနော်တို့ကို စိတ်ပိုင်းဆိုင်ရာအရ သက်ရောက်မှုရှိခဲ့ပါတယ်။ နောက်တနေ့ကျရင်တော့ ကျနော်တို့ လေ့ကျင့်ခန်းပြန်ဆင်းပြီး လာလီဂါအတွက်ပဲ စဥ်းစားပါမယ်” […]

Laliga

ဘာစီလိုနာမှာ ဘလွန်းဒီအော်ရမယ်လို့ လီဝန်ဒေါစကီးယုံကြည်နေ

ဘာစီလိုနာ တိုက်စစ်မှူး လီဝန်ဒေါစကီးက လက်ရှိအသင်းမှာ ဘလွန်းဒီအော်ဆုကို မြန်မြန်ဆန်ဆန် ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယူဆကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ အဆိုပါ ပိုလန်လက်ရွေးစင် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေစျေးကွက်မှာ ဘိုင်ယန်မြူးနစ်ကနေ ယူရိုသန်း (၄၀) နဲ့ စပိန်မြေကို ရောက်ရှိလာတာပါ။ လီဝန်ဒေါစကီးမရောက်ခင်မှာ ဘာစီလိုနာက ဘဏ္ဍာရေးပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က လိုလိုလားလားနဲ့ပဲ ဘာစီလိုနာကို သူ့ရဲ့အိပ်မက်အဖြစ် သတ်မှတ်ပြီး ပြောင်းရွှေ့ခဲ့တာပါ။ လီဝန်ဒေါစကီးအနေနဲ့ အသင်းကို ရောက်ရှိပြီး လာလီဂါပွဲမကစားခင် တရက်အလိုမှသာ အသင်းရဲ့ တရားဝင်ကစားသမားအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့တာပါ။ ဒါပေမယ့် ဒီကစားသမားက လက်ရှိအချိန်မှာ ဘာစီလိုနာအတွက် အကောင်းဆုံး ဂိုးသွင်းခြေစွမ်းပြနေပါတယ်။ သူ့ရဲ့ ဘလွန်းဒီအော်အိပ်မက်နဲ့ပတ်သက်လို့လည်း လီဝန်ဒေါစကီးက “ဘာစီလိုနာပရိသတ်တွေ နူးကမ့်ကွင်းထဲမှာ ကျနော့်နာမည်ကို မြန်မြန်ဆန်ဆန်ပဲ သီချင်းလုပ်ဆိုကြမယ်လို့ ကျနော် မမျှော်လင့်ခဲ့ပါဘူး” “ဒီအရာက […]

Champion League

ဘိုင်ယန်ကိုရှုံးလို့ ပွဲအပြီး အင်တာဗျူးမှာ ရင့်ရင့်သီးသီးပေါက်ကွဲခဲ့တဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲအပြီး အင်တာဗျူးမှာ တော်တော်လေး ဒေါသထွက်နေခဲ့ကြောင်း သိရှိရပါတယ်။ ချန်ပီယံလိဂ်အဝေးကွင်းပွဲအဖြစ် ဘာစီလိုနာတို့ မြူးနစ်မြို့မှာ ရင်ဆိုင်ခဲ့ရပြီး နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲရဲ့ ပထမပိုင်းမှာ ဘာစီလိုနာတို့ သေချာပေါက် ဂိုးရနိုင်မယ့် အခွင့်အရေးတွေရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ဘိုင်ယန်မြူးနစ်ဘက်က ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး လူးကပ်စ်ဟာနန်ဒက်ဇ်၊ ဆာနေးတို့က အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ လီဝန်ဒေါစကီး၊ ရာဖင်ညာ၊ ပီဒရီတို့ရဲ့ ထိုးဖောက်ကန်သွင်းမှုတွေက ဂိုးမဖြစ်ခဲ့တာကြောင့် ဘာစီလိုနာတို့ ကံဆိုးခဲ့ရပါတယ်။ ပွဲအပြီး အင်တာဗျူးမှာတော့ ဇာဗီက “တကယ့်ကို သောက်တလွဲပါပဲဗျာ။ သောက်တလွဲပါပဲ။ ကျနော် ရှုံးနိမ့်ရတာကို မကြိုက်ပါဘူး” “ကျနော်တို့နဲ့မထိုက်တန်ပါဘူး။ ဒီပွဲမှာ ကျနော်တို့က ပိုကောင်းခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ကျနော်တို့ အခွင့်အရေးကောင်း […]

Champion League

ဘိုင်ယန်နဲ့တွေ့တိုင်းရှုံးတာကို သူ့လက်ထက်မှာပြောင်းလဲမယ်လို့ ဇာဗီကြုံးဝါး

ဘာစီလိုနာနည်းပြ ဇာဗီက ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံတိုင်း ရလဒ်ဆိုးရွားလေ့ရှိတဲ့ အစဥ်အလာကို သူ့လက်ထက်မှာ ပြောင်းလဲတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ဒီကနေ့ညမှာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဥ်အဖြစ် ရင်ဆိုင်ကစားရမှာပါ။ ဘာစီလိုနာဟာ ဘိုင်ယန်မြူးနစ်နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ (၈) ကြိမ်မှာ တပွဲမှ အနိုင်မရရှိခဲ့ပါဘူး။ ဒါ့အပြင် နောက်ဆုံး (၄) ပွဲဆက်ရှုံးထားတဲ့အပြင် မြူးနစ်မြို့မှာလည်း အနိုင်မရရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီ အုပ်စုအဆင့်မှာလည်း နှစ်ကျော့လုံး သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးနဲ့လည်း ရှုံးနိမ့်ခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့်လည်း ဇာဗီက “ဘိုင်ယန်မြူးနစ်နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့အသင်းက အများကြီး အပြောင်းအလဲဖြစ်သွားပါပြီ။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပေါ့။ ကစားသမားတွေကို ‘ဒါက ဘာစီလိုနာ၊ ငါတို့ရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်လာတာကိုပြရမယ်’ လို့ ပြောထားပါတယ်” “အသစ်ခေါ်ယူထားတဲ့ […]

Champion League

လီဝန်ဒေါစကီးကို လူမှားမပေးဖို့ မူလာကို မာနေး မှာကြားထား

ဘိုင်ယန်မြူးနစ် တိုက်စစ်ကစားသမား မာနေးက အသင်းဖော်မူလာကို လီဝန်ဒေါစကီးဆီ ဘောလုံးမှားမပေးဖို့ လွန်ခဲ့တဲ့ ဆယ်ရက်လောက်တည်းက ဆက်တိုက်မှာကြားနေကြောင်း မူလာကိုယ်တိုင်က ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒီကနေ့ညမှာ ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးက မြူးနစ်မြို့ကို ပြန်လည်လာရောက်ပြီး အသင်းဟောင်းနဲ့ ရင်ဆိုင်ရမှာပါ။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒီလိုမျိုး ပြောင်းရွှေ့တဲ့နေရာမှာ လီဝန်ဒေါစကီးနဲ့ ဘိုင်ယန်မြူးနစ် တာဝန်ရှိသူတွေအကြား တင်းမာမှုတွေရှိခဲ့ပါသေးတယ်။ လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်မှာ ကစားသမားဘဝ (၈) နှစ်ကြာ ဖြတ်သန်းခဲ့ပြီး အသင်းနဲ့အတူ ရရှိနိုင်တဲ့ ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့အိပ်မက်အသင်းတသင်းဖြစ်တဲ့ ဘာစီလိုနာကို မရမက ပြောင်းရွှေ့သွားခဲ့တာပါ။ လီဝန်ဒေါစကီးဟာ အုပ်စုအဖွင့်အဖြစ် ဗစ်တိုရီးယားပါလ်ဇန်နဲ့ အိမ်ကွင်းပွဲမှာလည်း ခြေစွမ်းပြပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး […]

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ စပါးဟာ လက်ရှိအချိန်မှာ ဟယ်ရီကိန်းကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။ နည်းပြ ကွန်တီကလည်း သူ့ရဲ့ အဓိက,ကစားသမားကို အသင်းမှာ ဆက်နေဖို့ ဆန္ဒရှိနေပါတယ်။ ဟယ်ရီကိန်းကတော့ ဒီရာသီမှာသာ ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာခဲ့ရင် အသင်းက ထွက်ဖို့ ပြင်ဆင်နိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးကို လက်လွှတ်ခဲ့ရပါတယ်။ ဒီနေရာအတွက် တိုက်ရိုက်အစားထိုးအားဖြည့်ခဲ့ခြင်းလည်း မရှိပါဘူး။ ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ် ပစ်မှတ်တွေထဲက တယောက် အပါအဝင်ဖြစ်ပြီး အဆိုပါ […]