Uncategorized

ဒေါ့မွန်အိမ်ကွင်းနှုတ်ဆက်ပွဲမှာ ပရိသတ်တွေကို ဘီယာဝယ်တိုက်ခဲ့တဲ့ မာကိုရူးစ်

မာကိုရူးစ်ဟာ ဒေါ့မွန်အသင်းက ဒမ်းစတက်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ သူ့ရဲ့ဒေါ့မွန်အသင်းအိမ်ကွင်းနှုတ်ဆက်ပွဲမှာ ပရိသတ်တွေကို ဘီယာဝယ်တိုက်ခဲ့တာဖြစ်ပါတယ်။

မာကိုရူးစ်ဟာ ဒီပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့တဲ့ ဒေါ့မွန်အသင်းပရိသတ် ၈ သောင်းကျော်အတွက် ဘီယာဝယ်တိုက်ခဲ့တာဖြစ်ပြီး ဒါကိုဒေါ့မွန်အသင်းက သူတို့ရဲ့ဆိုရှယ်မီဒီယာမှာတင်ခဲ့တာပါ။ဒေါ့မွန်အသင်းပရိသတ်တွေဟာ ဒီပွဲမှာ ဂန္ထဝင်ကစားသမားဖြစ်တဲ့ မာကိုရူးစ်ကို တခမ်းတနားနှုတ်ဆက်ခဲ့တာဖြစ်ပြီး အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ဝင်တွေကလည်း သူ့ကိုလူစားလဲတဲ့အချိန်မှာ Guard of honour နဲ့ ဂုဏ်ပြုမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မာကိုရူးစ်ဟာ ဒီပွဲအပြီးမှာ ပွဲကြည့်စင်ပေါ်ကို သွားရောက်ကာ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံမှုပြုလုပ်ခဲ့တာပါ။မာကိုရူးစ်ဟာ ဒီပွဲမှာ ဒေါ့မွန်အသင်းအတွက် ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးမှုပြုလုပ်ကာ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ဂျာမနီကစားသမားဟာ ၁၂ နှစ်ကြာကစားခဲ့တဲ့ ဒေါ့မွန်အသင်းကနေ ဒီရာသီအကုန်မှာ ထွက်ခွာတော့မှာပါ။

လာမယ့် ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ မာကိုရူးစ်အတွက် ဒေါ့မွန်အသင်းကစားသမားဘ၀ နောက်ဆုံးပွဲစဉ်ဖြစ်လာမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol