Uncategorized

ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားကို ရရှိသွားခဲ့တဲ့ ကိုးလ်ပါလ်မာ

ချယ်လ်ဆီးအသင်းတိုက်စစ်ကစားသမား ကိုးလ်ပါလ်မာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက မန်စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကိုးလ်ပါလ်မာဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၂ ဂိုးသွင်းပြီး ၁၀ ဂိုးဖန်တီးကာ ခြေစွမ်းပြသနေတာပါ။အဲ့ဒါကြောင့် ကိုးလ်ပါလ်မာဟာ ဒီဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်။

ကိုးလ်ပါလ်မာဟာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းမှာလည်း ပါဝင်နေပြီး ဒီဆုကိုပါ ထပ်ပြီးရယူနိုင်ရင် သူ့အတွက် အလွန်ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်သွားမှာပါ။ကိုးလ်ပါလ်မာဟာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ရယူနိုင်ခဲ့တဲ့ ပထမဆုံးချယ်လ်ဆီးကစားသမားဖြစ်ခဲ့ပါတယ်။

ကိုးလ်ပါလ်မာကတော့ ဒီဆုအတွက်သူ့ကို မဲပေးခဲ့ကြတဲ့ သူတိုင်းကို အလွန်ကျေးဇူးတင်ပြီး ကလပ်အသင်း၊သူငယ်ချင်းတွေနဲ့ မိသားစုတွေ မပါဝင်ဘဲ ဒီလိုအောင်မြင်မှုကို ရယူနိုင်မှာမဟုတ်ဘူးလို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol