Serie A

ပေါ့ဘာ ကျိန်စာတိုက်တဲ့ကိစ္စ ပထမဆုံးအကြိမ်အဖြစ် အမ်ဘာပေကိုယ်တိုင်ဖွင့်ဟ

ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြယ်ပွင့် အမ်ဘာပေက ပေါ့ဘာ သူ့အပေါ် ကျိန်စာတိုက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ပေါ့ဘာရဲ့ ပြောစကားတွေကိုသာ ယုံကြည်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ပေါ့ဘာတယောက် အမ်ဘာပေကို ကျိန်စာတိုက်ခဲ့တယ်လို့ ပေါ့ဘာရဲ့အကိုက ဆိုတာပါ။

ပေါ့ဘာဟာ အာဖရိက အောက်လမ်းဆရာတယောက်ကို အသုံးပြုပြီး ပြင်သစ်လက်ရွေးစင်အသင်းဖော်ကို ကျိန်စာတိုက်ခဲ့တယ်ဆိုတဲ့သတင်းတွေအပေါ် စုံစမ်းစစ်ဆေးနေကြပါတယ်။ ပေါ့ဘာကတော့ ဒီလိုစွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ အောက်လမ်းဆရာကို အသုံးပြုခဲ့တာကလည်း ဒဏ်ရာပြဿနာတွေကနေ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက်သာဖြစ်ကြောင်း ပေါ့ဘာက ဖြေရှင်းခဲ့ပါတယ်။ ဒါ့အပြင် သူ့ကို အုပ်စုဖွဲ့ ငွေညှစ်ခြိမ်းခြောက်ခဲ့တဲ့ဂိုဏ်းမှာလည်း သူ့အကို ပါဝင်ကြောင်း ပြန်လည်စွပ်စွဲခဲ့ပါတယ်။

ဒီသတင်းတွေအပေါ်မှာ အမ်ဘာပေက “ဒါတွေကြောင့် ကျနော်နဲ့ အသင်းဖော်အကြား ဆက်ဆံမှုကို အကျိုးသက်ရောက်မှုရှိစေမှာ မဟုတ်ပါဘူး။ ပေါ့ဘာက ကျနော့်ဆီကို ဖုန်းခေါ်ပြီး သူ လုပ်ခဲ့တာတွေနဲ့ ပတ်သက်လို့ ပြောပြခဲ့ပါတယ်””

“အဲ့ဒီအချိန်မှာ သူ့ရဲ့ ပြောစကားတွေက သူ့အကိုနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ ကျနော့်ရဲ့ လက်ရွေးစင် အသင်းဖော်ကို ကျနော် ယုံကြည်ရမှာဖြစ်ပြီး ဒါကလည်း လက်ရွေးစင်အသင်းရဲ့ အကျိုးအတွက်လည်း ပါဝင်တာပေါ့။ ကျနော်တို့မှာ ကမ္ဘာ့ဖလားကစားဖို့ရှိပါသေးတယ်”

“ပေါ့ဘာမှာ အခြားပြဿနာတွေရှိနှင့်ပြီးသားပါ။ ဒီတော့ အခုချိန်က သူ့ကို အခြားပြဿနာတွေ သွားပေးနေရမယ့် အချိန် မဟုတ်ပါဘူး။ ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ကျနော်တို့ စောင့်ကြည့်ရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Serie A

အစ်ကိုကမွှေလိုက် ဒဏ်ရာကမွှေလိုက်နဲ့ ကံဆိုးပြီးရင်းဆိုးနေတဲ့ ပေါ့ဘာ

ပေါ့ဘာဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူရတော့မှာ ဖြစ်လို့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပေါ့ဘာဟာ ဇူလိုင်လကတည်းက ဒဏ်ရာပြဿနာခံစားခဲ့ရတာဖြစ်ပြီး အခုရာသီ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိသေးတာပါ။ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကတော့ နိုဝင်ဘာ ၂၂ ရက် ဩစ‌တြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနည်းပြ
Serie A

ဒီမာရီယာကြောင့် ဂျူဗီကိုလာတာလို့ ပါရီဒတ်စ်ပြော

ပါရီဒတ်စ်က ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ရာမှာ ဒီမာရီယာက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်လို့ ပြောလိုက်ပါတယ်။ ပါရီဒတ်စ်က ပီအက်စ်ဂျီကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာတဲ့အကြောင်းကို ပထမဆုံးအကြိမ် ပြောခဲ့တာပါ။ပါရီဒတ်စ်နဲ့ ဒီမာရီယာတို့ဟာ ပီအက်စ်ဂျီမှာ နှစ်ပေါင်းများစွာတွဲဖက်ကစားလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အာဂျင်တီးနားလက်ရွေးစင်မှာလည်း အတူတွဲကစားခဲ့ကြတာပါ။ဒီမာရီယာဟာ