Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။

အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။ ဒါပေမယ့် ပီအက်စ်ဂျီရဲ့ နောက်ဆုံး ပင်နယ်တီနှစ်လုံးကို နေမာကပဲ ကန်သွင်းခဲ့ပါတယ်။ အမ်ဘာပေဟာ တိုက်စစ်တွဲဖက်တွေဖြစ်တဲ့ မက်ဆီ၊ နေမာတို့နဲ့လည်း ဆက်ဆံရေး အဆင်မပြေဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

ဂျူဗင်တပ်စ်နဲ့ မကန်ခင်တုန်းက အမ်ဘာပေက “နေမာနဲ့ ကျနော် အတူတွဲကစားလာတာ ဒါနဲ့ဆို (၆) နှစ်ရှိပါပြီ။ ကျနော်တို့က လေးစားမှုကိုပဲ အခြေခံပြီး ဆက်ဆံရေးတခုကို တည်ဆောက်ပါတယ်”

“တခါတလေတော့ နွေးထွေးပြီး တခါတလေတော့လည်း အေးစက်စက်ဖြစ်တတ်ပါတယ်။ ကျနော် နေမာအပေါ်၊ အသင်းအပေါ် သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းအပေါ် ကြီးမားတဲ့ လေးစားမှုရှိပါတယ်။ ဂျူဗင်တပ်စ်နဲ့ပွဲမှာ ပင်နယ်တီ ဘယ်သူ ကန်မလဲ ကျနော် မသိပါဘူး”

“ပွဲချိန်အတွင်းရောက်မှ ဘာတွေဘယ်လိုဖြစ်မယ်ဆိုတာကို ကျနော်တို့ စောင့်ကြည့်ရပါမယ်။ ပထမဦးစားပေးဆိုတိုင်းလည်း ရသမျှ ပင်နယ်တီတိုင်းကို အကုန်ကန်ခွင့်ရမယ်ဆိုတာမျိုး မရှိပါဘူး”

“ကိတ်မုန့်တလုံးကို ဘယ်လိုခွဲစားရမယ်ဆိုတာကို ခင်ဗျားလည်း သိသင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာကတော့ အမ်ဘာပေကသာ ပင်နယ်တီကို အဓိကကန်သွင်းမယ့် ကစားသမားဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

ဟာဇတ်ရဲ့ပျော်ရွှင်နေတဲ့ပုံစံ ပြန်မြင်တွေ့ခဲ့ရတယ်လို့ အန်ဆယ်လော့တီပြော

ရီးရယ်လ်နည်းပြ အန်ဆယ်လော့တီကတော့ ဆဲလ်တစ်ကို အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဟာလန်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်။ ဟာဇတ်ဟာ ဘန်ဇီမာ ဒဏ်ရာရသွားခဲ့တာကြောင့် ဒီပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပေမယ့် အသင်းအတွက် ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးကာ ခြေစွမ်းပြသနိုင်ခဲ့တာပါ။ ဒီပွဲမှာ