ပြင်သစ်လီဂူး

လခမရလို့ ပြီးခဲ့တဲ့အောက်တိုဘာမှာ အသင်းကထွက်ဖို့ လုပ်ခဲ့တဲ့ အမ်ဘာပေ

ပီအက်စ်ဂျီနဲ့ ပြင်သစ်လက်ရွေးစင် ကြယ်ပွင့် အမ်ဘာပေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ပြင်သစ်မြေကို စွန့်ခွာဖို့ သတင်းထွက်ခဲ့ပြီး အခုချိန်မှာတော့ အဆိုပါဖြစ်ရပ်ရဲ့ အဓိကအကြောင်းရင်းက ထွက်ပေါ်လာခဲ့ပါတယ်။ အမ်ဘာပေဟာ တလလုပ်ခ ပေါင် (၅.၂၁) သန်းအထိ ရရှိနေပြီး ပြီးခဲ့တဲ့နွေမှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့အတွက်လည်း အပိုဆုကြေး ပေါင် (၁၅၆) သန်း ရရှိခဲ့သူပါ။ ဒါ့အပြင် သူဟာ စာချုပ်သစ်အတွက် တနှစ်ပြည့်သွားတိုင်း ပေါင်သန်း (၆၀) ကို (၃) နှစ်ပြည့်တဲ့အထိ ရရှိမှာဖြစ်ပါတယ်။ ဒါကတော့ အမ်ဘာပေအတွက် သစ္စာရှိကြေးလို့ ဆိုပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ (၅) ရက်နေ့မှာ ကစားမယ့် ပီအက်စ်ဂျီနဲ့ ဘင်ဖီကာတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်မတိုင်ခင်မှာတော့ အမ်ဘာပေက သူရသင့်ရထိုက်တဲ့ လစာငွေကြေးကို မရရှိခဲ့ဘူးလို့ သိရှိရပါတယ်။ […]

World Cup 2022

ရာမို့စ်ကိုမရွေးချယ်ခဲ့တဲ့ စပိန်လက်ရွေးစင်အသင်းကို ကလပ်အသင်းဖော် သွယ်ဝိုက်လှောင်ပြောင်

ပီအက်စ်ဂျီရဲ့ ညာနောက်ခံလူ ဟာကီမီက စပိန်လက်ရွေးစင်အသင်းရဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားအတွက် အပြီးသတ် ကစားသမားစာရင်းမှာ ရာမို့စ်ကို မရွေးချယ်ခဲ့တဲ့အပေါ် ဝေဖန်ပြောကြားလိုက်ပါတယ်။ လူးဝစ်အင်းနရစ်ဟာ ကမ္ဘာ့ဖလားကို လိုက်ပါခွင့်ရရှိမယ့် အပြီးသတ် ကစားသမား (၂၆) ယောက် စာရင်းကို မနေ့က အတည်ပြုကြေညာခဲ့ပါတယ်။ ဒီစာရင်းမှာတော့ ဝါရင့်နောက်ခံလူကြီး ရာမို့စ် ပါဝင်လာခဲ့ခြင်းမရှိပါဘူး။ ရာမို့စ်ဟာ ဒီရာသီမှာ ပီအက်စ်ဂျီရဲ့ အဓိက,ကစားသမားဖြစ်နေပေမယ့် အခုလိုမျိုး ကမ္ဘာ့ဖလားလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ အသက် (၃၆) နှစ်ရှိပြီဖြစ်တဲ့ အဆိုပါ ဝါရင့်နောက်ခံလူကြီးက ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နေခဲ့သူပါ။ ဒါပေမယ့် အင်းနရစ်ကတော့ ရာမို့စ်ကို ချန်လှပ်ခဲ့ပါတယ်။ ဒီလိုမျိုး ချန်လှပ်ခဲ့တာဟာ အင်းနရစ်အနေနဲ့ အသင်းစွဲ၊ ပုဂ္ဂိုလ်စွဲကြောင့်လို့ဆိုနေကြပါတယ်။ အင်းနရစ်ဟာ ဘာစီလိုနာ နည်းပြဟောင်းတယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ယူရိုမှာလည်း ရီးရဲလ်မက်ဒရစ် […]

ပြင်သစ်လီဂူး

“ပြင်သစ်သမ္မတကပါ ကျနော့်ဆီကို ဖုန်းတွေဆက်ခဲ့တာဗျာ” – အမ်ဘာပေ

ပီအက်စ်ဂျီနဲ့ ပြင်သစ်လက်ရွေးစင် ကြယ်ပွင့် အမ်ဘာပေက ပြင်သစ်သမ္မတ မက်ခရွန်ကိုယ်တိုင်က သူ့ဆီကို ဖုန်းခေါ်ဆိုပြီး ပီအက်စ်ဂျီမှာ ဆက်နေဖို့ စည်းရုံးခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ အမ်ဘာပေဟာ (၂၀၂၂) ဇန်နဝါရီကစလို့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ မေမှာတော့ ပီအက်စ်ဂျီနဲ့ပဲ (၃) နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အမ်ဘာပေတယောက် ရီးရဲလ်မက်ဒရစ်ကို သေချာပေါက် ပြောင်းရွှေ့မယ်လို့ အားလုံးက ယုံကြည်ခဲ့တာပါ။ ဒါပေမယ့် အမ်ဘာပေက နောက်ဆုံးအချိန်မှ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်သွားခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး အမ်ဘာပေကို ပြင်သစ်သမ္မတ မက်ခရွန်နဲ့ အခြားသော နိုင်ငံရေးအင်အားစုတွေ၊ ကာတာရဲ့ စီးပွားရေးအခရာပုဂ္ဂိုလ်တွေက စည်းရုံးခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အခုချိန်မှာတော့ အမ်ဘာပေက ပြင်သစ်သမ္မတရဲ့ စည်းရုံးမှုနဲ့ ပတ်သက်လို့ […]

Serie A ပြင်သစ်လီဂူး

အမ်ဘာပေက ကလေးပဲရှိပါသေးတယ်လို့ အီဘရာဟီမိုဗစ် ထိုးနှက်ဝေဖန်

အေစီမီလန်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က ပီအက်စ်ဂျီ ကြယ်ပွင့် တိုက်စစ် ကစားသမား အမ်ဘာပေကို ကလေးနဲ့ နှိုင်းယှဥ်ပြီး ထိုးနှက်ဝေဖန်လိုက်ပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီမှာ အတ္တကြီးနေတယ်လို့ ဝေဖန်ခံနေရသူပါ။ အမ်ဘာပေဟာ ပြီးခဲ့တဲ့မေလမှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပြီး (၃) နှစ် စာချုပ်အတွက် စံချိန်တင်ဝင်ငွေကို ရရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အသင်းမှာ ဆက်ဆံရေးမပြေလည်ဘဲ ပြဿနာပေါင်းစုံ ဖြစ်ပွားလျက်ရှိပါတယ်။ အဲ့ဒါကြောင့်လည်း အီဘရာဟီမိုဗစ်က “အမ်ဘာပေက ပီအက်စ်ဂျီမှာ ဆက်နေတာ အသင်းအတွက် မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ခဲ့ပေမယ့် သူ့အတွက်တော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက သူ့ကိုယ်သူ အသင်းအတွက် ပိုမိုအရေးကြီးတဲ့ အနေအထားတရပ်ကို တွန်းပို့လိုက်လို့ပါ” “ပြီးတော့ အသင်းက သူ့အတွက် ဒီသော့တွေ ပေးလိုက်ပါတယ်။ ဒါပေမယ့် ခင်ဗျား သိထားရမှာတခုက ခင်ဗျားက […]

Laliga ပြင်သစ်လီဂူး

မက်ဆီ ပီအက်စ်ဂျီကို ပြောင်းသွားလို့ ဘောလုံးလောကတခုလုံး လွမ်းနေရပြီလို့ တီဘက်စ်ထိုးနှက်

လာလီဂါအဖွဲ့ချုပ်ဥက္ကဌ ဟာဗီယာတီဘက်စ်က မက်ဆီကို လာလီဂါတင်မကဘဲ ဘောလုံးလောကတခုလုံးကပါ လွမ်းဆွတ်နေရကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တီဘက်စ်ဟာ ပြင်သစ်လီဂူးပြိုင်ပွဲကိုပါ ထိုးနှက်ခဲ့သေးတာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိအချိန်မှာ မက်ဆီက ပီအက်စ်ဂျီအတွက် ခြေစွမ်းပြနေပြီဆိုပေမယ့် တီဘက်စ်ကတော့ အခုလိုမျိုး ပြောကြားလာတာပါ။ “သူ ပီအက်စ်ဂျီမှာ ဘယ်လောက်အထိဖြစ်နေပြီလဲဆိုတာ အရေးမကြီးဘူးလို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် သူ ဘာစီလိုနာမှာ ရှိခဲ့တုန်းကထက်တော့ စိတ်ဝင်စားခံရမှုမရှိတော့ပါဘူး” “ဘောလုံးလောကကြီးကလည်း မက်ဆီကို လွမ်းဆွတ်နေပါတယ်။ ကျနော်တို့ သူ့အတွက် ကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာ့ဖလားဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ဒီပြိုင်ပွဲမှာ ကျနော်တို့ ပြန်မြင်တွေ့ခွင့်ရမှာလေ” “ပရိသတ်တိုင်းကတော့ ပီအက်စ်ဂျီနဲ့ နန့်တက်စ်ကန်တဲ့ပွဲကို စောင့်ကြည့်နေမှာ မဟုတ်ပါဘူး။ […]

Champion League

အမ်ဘာပေက ဒိုကြီးနဲ့အွန်နရီကို ရောထားတဲ့ ကစားသမားမျိုးလို့ ဖာဒီနန်ချီးကျူး

ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ဖာဒီနန်က ပြင်သစ်လက်ရွေးစင် ကြယ်ပွင့် အမ်ဘာပေဟာ ဘရာဇီးဂန္တဝင်ကစားသမား ရော်နယ်ဒိုနဲ့ ပြင်သစ်ဂန္တဝင်ကစားသမား အွန်နရီတို့ကို ရောစပ်ထားတဲ့ ကစားသမားမျိုးလို့ ချီးကျူးပြောကြားခဲ့ပါတယ်။ အမ်ဘာပေဟာ မနေ့ညက ကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲမှာလည်း အသင်းအတွက် အဖွင့်ဂိုးတဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဖာဒီနန်က အမ်ဘာပေနဲ့ ပတ်သက်လို့ အခုလိုပဲ ချီးကျူးခဲ့ပါတယ်။ ဖာဒီနန်က “ကျနော့်အထင်ကို ပြောရရင် အမ်ဘာပေက ရော်နယ်ဒိုကြီးနဲ့ အွန်နရီတို့ကို ရောစပ်ထားတဲ့ ကစားသမားမျိုးပါ။ နည်းနည်းလေးပေါ့။ ကျနော် အရမ်းကြီး ခေတ်နောက်ပြန်ဆွဲနေတာမျိုးဖြစ်နိုင်ပါတယ်” “ဒါပေမယ့် ဒါက ထိပ်တန်းအဆင့် ရောစပ်မှုတခုပါပဲ။ ခင်ဗျားတို့လည်း ဒီရောစပ်မှုကို စိတ်ကူးယဥ်ကြည့်ကြပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဖာဒီနန်ရဲ့ ပြောစကားကို ချဲလ်ဆီး ကစားသမားဟောင်း ဂျိုကိုးလ်ကလည်း ထောက်ခံခဲ့ပါတယ်။ အမ်ဘာပေဟာ လက်ရှိ […]

Champion League

ပီအက်စ်ဂျီ ဘယ်လောက်ကောင်းကောင်း ချန်ပီယံလိဂ်မရနိုင်တဲ့အကြောင်းရင်းကို ရှမိုက်ကယ်ဖွင့်ဟ

ယူနိုက်တက်ဂန္တဝင်ဂိုးသမားဟောင်းကြီး ပီတာရှမိုက်ကယ်က ပီအက်စ်ဂျီအနေနဲ့ လက်ရှိ ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ်ဖလားဆွတ်ခူးဖို့ မဖြစ်နိုင်ကြောင်း၊ ဒါဟာ နောက်တန်းအားနည်းချက်ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ မနေ့ညက မက္ကာဘီဟိုင်ဖာနဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲမှာ ဂိုးမိုးရွာပြီး ၇-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ခံစစ်ပိုင်းက ဒီရာသီမှာ ပွဲတိုင်း ဂိုးပေးထားရပါတယ်။ အဲ့ဒါကြောင့်လည်း ရှမိုက်ကယ်က “ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ အကြောင်းပြောမယ်ဆိုရင် သူတို့ ဒီနေ့ပွဲမှာ ပြသသွားတဲ့ ပြဿနာတွေရှိနေပါတယ်။ သူတို့ လေးဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်” “ဒါပေမယ့် ရုတ်တရက်ဆိုသလိုပဲ ၄-၂ ဂိုးပြန်ဖြစ်သွားပါတယ်။ သူတို့က ပွဲတွေကို အနိုင်ရဖို့အတွက်ဆိုရင် ဂိုးတွေ အများအပြား သွင်းယူနေရပါတယ်။ ဒါပေမယ့် ပွဲတိုင်း ပွဲတိုင်းမှာ ဒါမျိုး ဂိုးတွေ အများကြီး သွင်းယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” “သူတို့ […]

ပြင်သစ်လီဂူး

ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေရဲ့ စာချုပ်အတွင်းက လျှို့ဝှက်ချက်တွေ ပေါက်ကြားလာ

ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေရဲ့ စာချုပ်သစ်အတွင်းက လျှို့ဝှက်ချက်တွေ ပေါက်ကြားလာခဲ့ကြောင်း သိရှိရပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ နွေအစောပိုင်းကမှ ပီအက်စ်ဂျီနဲ့ သုံးနှစ် စာချုပ်သက်တမ်းတိုးခဲ့တာပါ။ ဒီကစားသမားဟာ ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီဘက်က အမ်ဘာပေကို ဘက်ပေါင်းစုံကနေ အင်အားကုန်သုံး စည်းရုံးခဲ့တာကြောင့် ဒီကစားသမားက ပြင်သစ်မြေမှာပဲ ဆက်ရှိနေတာပါ။ အသက် (၂၃) နှစ်အရွယ် ဒီကစားသမားဟာ စာချုပ်သစ်အတွက် သုံးနှစ်အတွင်း ပေါင် (၅၄၇) သန်းကျော် ရရှိမယ်လို့ သိရှိရပါတယ်။ ဒါဟာ ဒီကစားသမားကို အားကစားသမိုင်းတလျှောက် လုပ်ခ အများဆုံးရ ကစားသမားအဖြစ် မှတ်တမ်းဝင်စေနိုင်ပါတယ်။ ဒီကစားသမားရဲ့ စာချုပ်မှာ မျိုးစုံသော အချက်အလက်တွေ ပါဝင်ပေမယ့် ပီအက်စ်ဂျီ ချန်ပီယံလိဂ် ရရှိရင် ဒါမှမဟုတ် အမ်ဘာပေ ဘလွန်းဒီအော်ရရှိခဲ့ရင်ဆိုတဲ့ […]

Article ပြင်သစ်လီဂူး

ရမ္မက်ကို အချစ်လို့ခေါင်းစဉ်တပ်သောအခါ

အချစ်ဆိုတာဆန်းကြယ်တယ်လို့ လူတွေပြောကြပါတယ်။ အချစ်နဲ့ပတ်သတ်ပြီးအမွှမ်းတင်ရေးဖွဲ့ အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြတဲ့အဌကထာဆရာတွေလည်း ခေတ်အဆက်ဆက်မှာရှိခဲ့တာပါပဲ။ ဒါပေမဲ့တစ်ခါတစ်လေမှာ ဖောက်ပြန်မှုကို ဖူးစာလို့အမည်တပ်ပြီး အချစ်ကိုပုံမှားရိုက်သူတွေလည်းရှိပြန်ပါတယ်။ ဒီလိုဇာတ်ရှုပ်တွေနဲ့နာမည်ကျော်တဲ့ အတွဲကတော့ အိုက်ကာဒီနဲ့ဝမ်ဒါနာရာတို့အာဂျင်တီးနားအတွဲပါပဲ။ ပီအက်စ်ဂျီတိုက်စစ်မှုးတို့စုံတွဲဟာ (၉)နှစ်ကြာပတ်သတ်အပြီးမှာတော့ ဇာတ်လမ်းတခန်းရပ်ခဲ့ပါပြီ။ တကယ်တော့ ဒီစုံတွဲဟာ ခေသူတွေမဟုတ်ပါဘူး။ အချစ်ကျမ်းကြေတယ်ပဲပြောရမလား ဖောက်ပြန်တဲ့နေရာမှာဆရာကျတယ်ပဲပြောရမလား ဘယ်လိုတံဆိပ်ကပ်ရမလဲတောင်မသိပါဘူး။ အိုက်ကာဒီတို့အတွဲဇာတ်လမ်းက စကတည်းကယဉ်တကိုယ်ဆိုသလို ဇာတ်ကရှုပ်ပါတယ်။ အိုက်ကာဒီ ဆမ်ဒိုးရီးယားမှာကစားစဉ် ဝမ်ဒါနာရာဟာအသင်းဖော်မက်စီလိုပက်ဇ်ရဲ့ဇနီးသည်ဖြစ်ပါတယ်။ အိုက်ကာဒီက အသင်းဖော်မက်စီလိုပက်ဇ်အိမ်ကိုအဝင်အထွက်ရှိသလို ဒီစုံတွဲနဲ့ခရီးတွေအတူတူထွက်လေ့ရှိတာပါ။ အနေနီးလို့ စိတ်ယိုင်တာလား ဒီယုန်မြင်လို့ဒီခြုံထွင်တာလား အိုက်ကာဒီပဲသိမှာဖြစ်ပြီး နောက်ဆုံးတော့ အသင်းဖော်မက်စီလိုပက်ဇ်ရဲ့ဇနီးကိုဖြတ်ခုတ်ခဲ့ပါတယ်။ အသင်းဖော်နဲ့ဇနီးသည်ကိုယုံကြည်ခဲ့တဲ့ မက်စီလိုပက်ဇ်တယောက်အဲ့ဒီအချိန်ကအရူးမီးဝိုင်းဘယ်လောက်ဖြစ်မလဲတွေးကြည့်လို့တောင်မရပါဘူး။ ဒါပေမဲ့အိုက်ကာဒီနဲ့ဝမ်ဒါနာရာတို့ကတော့ လူ့စည်းမျဉ်းတွေ လူ့သိက္ခာတွေကိုမျက်ကွယ်ပြုပြီး ဖူးစာဆိုတဲ့စကားလုံးလှလှလေးကိုသုံးကာ သူတို့ရမ္မက်ကြီးတာကိုဖုံးကွယ်ခဲ့ကြတာပါ။ ဝမ်ဒါတစ်ယောက် မက်စီလိုပက်ဇ်နဲ့ရတဲ့ကလေးအပြင် အိုက်ကာဒီနဲ့တွဲတဲ့ (၉)နှစ်တာကာလအတွင်း ကလေး(၂)ယောက်ထပ်ရခဲ့ပါတယ်။ ဒါပေမဲ့ ရမ္မက်တွေနဲ့ဖန်တီးထားတဲ့အိမ်ထောင်ရေးဟာ တသက်လုံးတော့မခံပါဘူး။ အခုတော့ နှစ်ယောက်သားကွာရှင်းပြီး ဝမ်ဒါက အတွဲသစ်နဲ့တောင်ဖြစ်နေပါပြီ။ […]

ပြင်သစ်လီဂူး

ကြိုးစားသည်းခံခြင်းရဲ့ အသီးအပွင့်တွေကို ခံစားခွင့်ရရှိနေပြီဖြစ်တဲ့ မက်ဆီ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား မက်ဆီဟာ စက်တင်ဘာလအတွက် ပြင်သစ်လီဂူးတလတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ မက်ဆီဟာ အဆိုပါ တလအတွင်း ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဥ်တွေမှာ တဂိုးသွင်း၊ သုံးဂိုးဖန်တီးနိုင်ခဲ့ကာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။ မက်ဆီအနေနဲ့ ဒီရာသီမှာ ပြိုင်ပွဲစုံ (၁၄) ပွဲကစား (၈) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၈) ကြိမ် ပြုလုပ်ထားပြီးပါပြီ။ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ မက်ဆီက ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ အသင်းသစ်နဲ့ ပထမဆုံးရာသီမှာ မက်ဆီက တော်တော်လေး ရုန်းကန်ခဲ့ရပြီး ဝေဖန်မှုဒဏ်တွေ ခံခဲ့ရပါတယ်။ မက်ဆီက ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၁၁) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၅) ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပြင်သစ်လီဂူးမှာလည်း […]