Uncategorized

ရခိုင်ယူနိုက်တက်ကို ရှုံးကြွေးဆပ်ပြီး ဆီမီးဖိုင်နယ်တက်တဲ့ ရှမ်းယူနိုက်တက်

ရှမ်းယူနိုက်တက်အသင်းဟာ MNL League Cup အုပ်စုနောက်ဆုံးပွဲစဉ်မှာ ရခိုင်ယူနိုက်တက်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ရောက်သွားပြီဖြစ်ပါတယ်။

ဒီပွဲစဉ်ဟာ ဆီမီးဖိုင်နယ်တက်ဖို့ ၂ သင်းစလုံးအတွက် အရေးပါတဲ့ ပွဲဖြစ်လို့ ကြည့်ကောင်းခဲ့ပြီး ပွဲချိန် ၁၀ မိနစ်မှာ ဘာကာယိုကိုက ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။အဲဒီနောက်ပိုင်းမှာ ၂ သင်းစလုံးဂိုးထပ်မသွင်းနိုင်ခဲ့လို့ ရှမ်းယူနိုက်တက်အသင်း ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီ ၂ သင်းအုပ်စုတွင်း ပထမအကျော့အဖြစ်တွေ့ခဲ့တုန်းက ရခိုင်ယူနိုက်တက်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။အဲ့ဒါကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ ရခိုင်ယူနိုက်တက်အသင်းကို ရှုံးကြွေးဆပ်ပြီး ဆီမီးဖိုင်နယ်တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒဂုံစတားယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol