ပြင်သစ်လီဂူး

ကြိုးစားသည်းခံခြင်းရဲ့ အသီးအပွင့်တွေကို ခံစားခွင့်ရရှိနေပြီဖြစ်တဲ့ မက်ဆီ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား မက်ဆီဟာ စက်တင်ဘာလအတွက် ပြင်သစ်လီဂူးတလတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

မက်ဆီဟာ အဆိုပါ တလအတွင်း ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဥ်တွေမှာ တဂိုးသွင်း၊ သုံးဂိုးဖန်တီးနိုင်ခဲ့ကာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။ မက်ဆီအနေနဲ့ ဒီရာသီမှာ ပြိုင်ပွဲစုံ (၁၄) ပွဲကစား (၈) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၈) ကြိမ် ပြုလုပ်ထားပြီးပါပြီ။

ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ မက်ဆီက ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ အသင်းသစ်နဲ့ ပထမဆုံးရာသီမှာ မက်ဆီက တော်တော်လေး ရုန်းကန်ခဲ့ရပြီး ဝေဖန်မှုဒဏ်တွေ ခံခဲ့ရပါတယ်။

မက်ဆီက ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၁၁) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၅) ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပြင်သစ်လီဂူးမှာလည်း မက်ဆီက (၆) ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။

ဒီရာသီမှာတော့ မက်ဆီတယောက် ပီအက်စ်ဂျီနဲ့ တော်တော်လေး အသားကျလာခဲ့ပြီး ပွဲစဥ်တိုင်းမှာ ခြေစွမ်းပြနေပါတယ်။ မက်ဆီရဲ့ ပီအက်စ်ဂျီကလည်း ဒီရာသီမှာ ရှုံးပွဲမရှိသေးပါဘူး။

ပီအက်စ်ဂျီဟာ ဒီရာသီ ပြင်သစ်လီဂူးမှာရော၊ ချန်ပီယံလိဂ်မှာပါ ရှုံးပွဲမရှိသေးပါဘူး။ လိဂ် (၁၁) ပွဲ ကစားပြီးချိန်မှာ အသင်းက (၂၉) မှတ်ရရှိထားပါတယ်။

ချန်ပီယံလိဂ်မှာလည်း အုပ်စု (၄) ပွဲ ကစားပြီးချိန်မှာ အသင်းက (၈) မှတ်ရရှိထားပြီး နောက်တဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။