ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။

ပီအက်စ်ဂျီအသင်းဟာ ဒီပွဲမှာ ရိမ်းစ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းနည်းပြ ဂယ်လ်တီယာက ဒိုင်လူကြီးအနေနဲ့ ဒီအခြေအနေကို ပိုကောင်းအောင်ထိန်းထားရမယ်လို့ ပြောခဲ့တာပါ။

ဂယ်လ်တီယာက “ဒိုင်လူကြီးအနေနဲ့ ဒီအခြေအနေကို ပိုကောင်းအောင် ကိုင်တွယ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ဒီအတွက်တော့ အကြောင်းပြချက်မရှိပါဘူး။ဒါတွေက ကျွန်တော်တို့ကို စိတ်ရှုပ်ထွေးစေပါတယ်။ဘာလို့ဆို ကျွန်တော်တို့က ဘောလုံးကစားချင်တာပါ”

“ဒီလိုတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်”လို့ ဆိုခဲ့ပါတယ်။အနီကတ်ကြောင့် ရာမို့စ်ဟာ မာဆေးလ်အသင်းနဲ့ ကစားမယ့် ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
Article ပြင်သစ်လီဂူး

ပီအက်စ်ဂျီနဲ့ အမ်ဘာပေအရှုပ်တော်ပုံ

ပီအက်စ်ဂျီနဲ့ အမ်ဘာပေအရှုပ်တော်ပုံ ပဲရစ်မြေကလိပ်နင်ဂျာလေးကတော့ သတင်းလူသားကိုဖြစ်လို့နေပါတယ်။ သူ့ရဲ့ကွင်းတွင်းအပြုအမူတွေ သူရနေတဲ့အံ့ဩစရာအကျိုးခံစားမှုတွေကို ပြောလို့မကုန်သေးမှာခင် နောက်ထပ်လူမြင်ကပ်စေမယ့်အကြောင်းအရာတစ်ခုကိုဖန်တီးခဲ့ပါတယ်။ အမ်ဘာပေအတွက် အဝေဖန်ခံရတယ်ဆိုတာ ရိုးနေပြီလို့တောင်ပြောလို့ရနေပါပြီ။ ကစားသမားတစ်ယောက်အသင်းမှာမပျော်တော့တာကို လူတွေကလက်ခံနိုင်ပေမယ့် တကယ်လို့မပြောင်းဖြစ်ရင်လည်း ကတိအတိုင်းပရော်ဖက်ရှင်နယ်ကျကျပဲဆက်ကစားရမှာပါ။ အမ်ဘာပေရဲ့ဖြစ်စဉ်အစကိုကြည့်ရင် အခုချိန်ထိရှုပ်ထွေးနေဆဲပါပဲ။ ပြီးခဲ့တဲ့နွေက ရီးရဲမက်ဒရစ်ကိုပြောင်းဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့