Uncategorized

ဂနာဘရီက ဘာနေဗျူးမှာ ဂိုးသွင်းလိမ့်မယ်လို့ ပြောခဲ့ပြန်တဲ့ တူချယ်လ်

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်က ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မတိုင်ခင်ကတည်းက သူ့ရဲ့တောင်ပံကစားသမား ဂနာဘရီဟာ ဒီပွဲမှာ ဂိုးသွင်းနိုင်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဂနာဘရီဟာ မြူးနစ်မှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရပြီး နောက်ဆုံး ၁၀ မိနစ်သာပါဝင်ကစားခဲ့ရတာပါ။အဲ့ဒါကြောင့် တူချယ်လ်ဟာ သူ့ရဲ့ပြောဆိုမှုနဲ့ ပတ်သက်ပြီး မေးခံခဲ့ရာမှာ ဂနာဘရီ ဘာနေဗျူးမှာ ဂိုးသွင်းလိမ့်မယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

တူချယ်လ်က “ဒါက ပထမပိုင်းပဲ ရှိပါသေးတယ်။ကျနော်တို့ ဘာနေဗျူးမှာ ဒုတိယပိုင်းကစားဖို့ရှိနေပါတယ်။အဲ့ဒါကြောင့် ဒီပွဲမှာ ဂနာဘရီဂိုးသွင်းပါလိမ့်မယ်”လို့ ဆိုခဲ့ပါတယ်။

Soccer Football – Champions League – Semi Final – First Leg – Bayern Munich v Real Madrid – Allianz Arena, Munich, Germany – April 30, 2024 Bayern Munich coach Thomas Tuchel REUTERS/Angelika Warmuth

တူချယ်လ်ကတော့ သူတို့ဟာ ဒုတိယအကျော့မှာ ရီးရယ်လ်အသင်းကို အနိုင်ကစားပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol