အစ်စဝှချ်အသင်းဟာ ကိုဗင်ထရီအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ဖို့ နီးစပ်နေခဲ့ပြီဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/skysports-kieffer-moore-ipswich_6539002-1024x576.jpg)
အစ်စဝှချ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံရှစ်ပွဲစဉ်ကစားဖို့ ၁ ပွဲသာကျန်ရှိတော့တဲ့အချိန်မှာ အဆင့် ၃ နေရာက လိဒ်စ်အသင်းကို ၃ မှတ်ဖြတ်ထားနိုင်ခဲ့တာပါ။အဲ့ဒါကြောင့် အစ်စဝှ်ချ်အသင်းဟာ နောက်ဆုံးပွဲစဉ်အဖြစ် ကစားရမယ့် ဟတ်ဒါဖီးစ်အသင်းနဲ့ပွဲမှာ သရေ ၁ မှတ်ရယူနိုင်တာနဲ့ နှစ်ပေါင်း ၂၂ နှစ်ကြာဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ် တန်းတက်နိုင်တော့မှာဖြစ်ပါတယ်။
အစ်စဝှ်ချ်အသင်းနည်းပြ မက်ကန်နားက “ကျနော်တို့အတွက် ကောင်းမွန်တဲ့ရလဒ်ပါ။အခွင့်အရေးက ကျနော်တို့ရဲ့လက်ထဲမှာရှိနေပေမယ့် အလုပ်က မပြီးသေးပါဘူး။ပွဲတစ်ပွဲကျန်ရှိနေသေးတာကြောင့် ဘာမဆိုဖြစ်သွားနိုင်တယ်”လို့ ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/1714514402160_7d9841e8-dc65-47e5-b591-cb8d1dfc09ad-1024x576.jpg)
အစ်စဝှ်ချ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဝမ်းကနေ ချန်ပီယံရှစ်ကို တန်းတက်လာခဲ့တာဖြစ်ပြီး အခု ပရီးမီးယားလိဂ်ကိုပါ တန်းတက်နိုင်ဖို့ နီးစပ်လာခဲ့တာပါ။ပရီးမီးယားလိဂ်တန်းတက်ခွင့် ပလေးအော့ဖ်တစ်နေရာအတွက်ကို လိဒ်စ်၊ဆောက်သမ်တန်၊နော်ဝစ်ချ်၊ဝက်စ်ဘရွန်းနဲ့ ဟူးလ်စီးတီးအသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။