Uncategorized

စပါးနဲ့ပွဲကို အဓိက ကစားသမား ၁၄ ဦးမပါဝင်ဘဲ ယှဉ်ပြိုင်ရမယ့် ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ စပါးအသင်းနဲ့ ယှဉ်ပြိုင်မယ့် လန်ဒန်ဒါဘီပွဲစဉ်မှာ အဓိက ကစားသမား ၁၄ ဦးအထိ မပါဝင်ဘဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့နောက်ခံလူ ၂ ဦးဖြစ်တဲ့ သီယာဂိုဆေးလ်ဗားနဲ့ ဒီဆာဆီတို့ဟာ အသင်းရဲ့ဒဏ်ရာရစာရင်းထဲကို ထပ်ပြီးရောက်ရှိလာခဲ့တဲ့သူတွေဖြစ်တာပါ။ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ဖိုဖာနာ၊ကိုဝဲလ်၊ရီစီဂျိမ်းစ်၊ဂတ်စတိုနဲ့ ဘန်ချီဝဲလ်တို့လည်း ဒဏ်ရာကြောင့် အနားယူနေရလို့ ခံစစ်ပိုင်းအခက်အခဲတွေနဲ့ ကြုံတွေနေရပြီဖြစ်ပါတယ်။

လာဗီယား၊အန်ဇိုအူဂိုချူကွီ၊အန်ကွန်ကူ၊ချူကွီမီကာ၊စတာလင်နဲ့ ရောဘတ်ဆန်းချက်ဇ်တို့ကလည်း ဒဏ်ရာတွေကြောင့် အနားယူနေရတာပါ။အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းဟာ စပါးအသင်းနဲ့ပွဲစဉ်ကို အဓိက ကစားသမား ၁၄ ဦးအထိ ပါဝင်နိုင်မှာမဟုတ်ဘဲ တစ်ရာသီလုံး ဒဏ်ရာနှိပ်စက်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းဟာ စပါးအသင်းနဲ့ပွဲမှာ လူငယ်ကစားသမားအချို့ကို ထည့်သွင်းအသုံးပြုရတော့မှာပါ။ချယ်လ်ဆီးအသင်းဟာ ဥရောပဝင်ခွင့်ရယူနိုင်ဖို့ မျှော်လင့်လို့ရသေးတာကြောင့် လက်ကျန်ပွဲတွေကို အနိုင်ရယူဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol