Article ပြင်သစ်လီဂူး

ရမ္မက်ကို အချစ်လို့ခေါင်းစဉ်တပ်သောအခါ

အချစ်ဆိုတာဆန်းကြယ်တယ်လို့ လူတွေပြောကြပါတယ်။ အချစ်နဲ့ပတ်သတ်ပြီးအမွှမ်းတင်ရေးဖွဲ့ အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြတဲ့အဌကထာဆရာတွေလည်း ခေတ်အဆက်ဆက်မှာရှိခဲ့တာပါပဲ။ ဒါပေမဲ့တစ်ခါတစ်လေမှာ ဖောက်ပြန်မှုကို ဖူးစာလို့အမည်တပ်ပြီး အချစ်ကိုပုံမှားရိုက်သူတွေလည်းရှိပြန်ပါတယ်။ ဒီလိုဇာတ်ရှုပ်တွေနဲ့နာမည်ကျော်တဲ့ အတွဲကတော့ အိုက်ကာဒီနဲ့ဝမ်ဒါနာရာတို့အာဂျင်တီးနားအတွဲပါပဲ။ ပီအက်စ်ဂျီတိုက်စစ်မှုးတို့စုံတွဲဟာ (၉)နှစ်ကြာပတ်သတ်အပြီးမှာတော့ ဇာတ်လမ်းတခန်းရပ်ခဲ့ပါပြီ။

တကယ်တော့ ဒီစုံတွဲဟာ ခေသူတွေမဟုတ်ပါဘူး။ အချစ်ကျမ်းကြေတယ်ပဲပြောရမလား ဖောက်ပြန်တဲ့နေရာမှာဆရာကျတယ်ပဲပြောရမလား ဘယ်လိုတံဆိပ်ကပ်ရမလဲတောင်မသိပါဘူး။ အိုက်ကာဒီတို့အတွဲဇာတ်လမ်းက စကတည်းကယဉ်တကိုယ်ဆိုသလို ဇာတ်ကရှုပ်ပါတယ်။ အိုက်ကာဒီ ဆမ်ဒိုးရီးယားမှာကစားစဉ် ဝမ်ဒါနာရာဟာအသင်းဖော်မက်စီလိုပက်ဇ်ရဲ့ဇနီးသည်ဖြစ်ပါတယ်။ အိုက်ကာဒီက အသင်းဖော်မက်စီလိုပက်ဇ်အိမ်ကိုအဝင်အထွက်ရှိသလို ဒီစုံတွဲနဲ့ခရီးတွေအတူတူထွက်လေ့ရှိတာပါ။ အနေနီးလို့ စိတ်ယိုင်တာလား ဒီယုန်မြင်လို့ဒီခြုံထွင်တာလား အိုက်ကာဒီပဲသိမှာဖြစ်ပြီး နောက်ဆုံးတော့ အသင်းဖော်မက်စီလိုပက်ဇ်ရဲ့ဇနီးကိုဖြတ်ခုတ်ခဲ့ပါတယ်။ အသင်းဖော်နဲ့ဇနီးသည်ကိုယုံကြည်ခဲ့တဲ့ မက်စီလိုပက်ဇ်တယောက်အဲ့ဒီအချိန်ကအရူးမီးဝိုင်းဘယ်လောက်ဖြစ်မလဲတွေးကြည့်လို့တောင်မရပါဘူး။ ဒါပေမဲ့အိုက်ကာဒီနဲ့ဝမ်ဒါနာရာတို့ကတော့ လူ့စည်းမျဉ်းတွေ လူ့သိက္ခာတွေကိုမျက်ကွယ်ပြုပြီး ဖူးစာဆိုတဲ့စကားလုံးလှလှလေးကိုသုံးကာ သူတို့ရမ္မက်ကြီးတာကိုဖုံးကွယ်ခဲ့ကြတာပါ။ ဝမ်ဒါတစ်ယောက် မက်စီလိုပက်ဇ်နဲ့ရတဲ့ကလေးအပြင် အိုက်ကာဒီနဲ့တွဲတဲ့ (၉)နှစ်တာကာလအတွင်း ကလေး(၂)ယောက်ထပ်ရခဲ့ပါတယ်။ ဒါပေမဲ့ ရမ္မက်တွေနဲ့ဖန်တီးထားတဲ့အိမ်ထောင်ရေးဟာ တသက်လုံးတော့မခံပါဘူး။

အခုတော့ နှစ်ယောက်သားကွာရှင်းပြီး ဝမ်ဒါက အတွဲသစ်နဲ့တောင်ဖြစ်နေပါပြီ။ သူတို့မကွာရှင်းမီ အိုက်ကာဒီကလည်းဖောက်ပြန်ခဲ့ပါသေးတယ်။ ဝမ်ဒါနာရာ အီတလီပြန်စဉ် အိုက်ကာဒီက အာဂျင်တိုင်းမော်ဒယ်တယောက်နဲ့ဖောက်ပြန်ဖို့ကြိုးစားခဲ့တယ်လို့သတင်းထွက်ခဲ့ပါတယ်။ နောက်တော့ပြန်အဆင်ပြေတော့မလိုလိုသတင်းတွေထွက်ခဲ့ပေမယ့် မြွေမြွေချင်းခြေမြင်ဆိုသလို နှစ်ယောက်လုံးကတိုက်ကွက်ဖော်နေကြပါပြီ။ ဒါကြောင့်လည်း ဝမ်ဒါနာရာဟာသူ့ထက် (၁၃)နှစ်ငယ်တဲ့ rapper တယောက်ဖြစ်တဲ့ L’Ganteနဲ့ပေါ်တင်တွဲပြနေပါပြီ။ ချစ်သူသစ်နဲ့အနမ်း‌ခြွေနေပုံကိုဆိုရှယ်မီဒီယာမှာတင်ထားပြီး အချစ်ကဝေကြီးဖြစ်ကြောင်းပြသခဲ့ပါတယ်။

အသင်းဖော်အပေါ် သူငယ်ချင်းအပေါ်သစ္စာဖောက်ခဲ့တဲ့ အိုက်ကာဒီတယောက် ဒီတခါတော့သူ့အလှည့်ရောက်ပြီထင်ပါတယ်။ ex ရဲ့လုပ်ရပ်အပေါ်ရှုတ်ချခဲ့ပြီး ‘သူ့ (ဝမ်ဒါ) အပြုအမူသူ့လုပ်ရပ်တွေက တကမ္ဘာလုံးရဲ့ဟားတိုက်ရယ်စရာဖြစ်နေပါပြီ။ကျွန်တော်ဒါမျိုးအားမပေးချင်သလို ဖုံးကွယ်လည်းမပေးချင်တော့ပါဘူး။ အကာအကွယ်လည်းမပေးချင်ပါဘူး’လို့ပြောခဲ့ပါတယ်။ အခုချိန်မှသာ ဘယ်သူကမှန်တယ် ဘယ်သူကမှားတယ်ပြောနေပေမယ့် တကယ်တော့သူတို့နှစ်ယောက်စတွဲတည်းကမှားနေခဲ့တာဖြစ်ပါတယ်။ လူကျင့်ဝတ်မလိုက်နာခဲ့ကြတဲ့လူနှစ်ယောက်ဟာ သူတို့ရဲ့ရမ္မက်ကြီးမှုကို အချစ်လို့ခေါင်းစဉ်တပ်ခဲ့ကြသူတွေဖြစ်လို့ပါပဲ။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။