ဒီရာသီအကုန်မှာ ဒေါ့မွန်အသင်းကနေ ထွက်ခွာတော့မယ့် မာကိုရူးစ်ကတော့ သူ့ရဲ့ဒေါ့မွန်ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ကို ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲကစားပြီး နှုတ်ဆက်ရတော့မှာ ဖြစ်ပါတယ်။
မာကိုရူးစ်ဟာ ဒေ့ါမွန်အသင်းနဲ့၂၀၁၃ က ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်နိုင်ခဲ့တဲ့ အသင်းမှာ ပါဝင်ခဲ့ပြီး အဲ့ဒီတုန်းက သူတို့ဟာ ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ခဲ့တာပါ။အဲ့ဒါကြောင့် မာကိုရူးစ်ဟာ ဒေါ့မွန်အသင်းနဲ့အတူ ဒုတိယမြောက်
ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်နိုင်တဲ့ အခုအချိန်မှာတော့ ချန်ပီယံလိဂ်ဖလားကို ရယူချင်နေတာဖြစ်ပါတယ်။
မာကိုရူးစ်က “ဝင်ဘာလေကို သွားရမှာက ရူးချင်စရာပါပဲ။၁၀ နှစ်ကြာအပြီးမှာ ကျနော်တို့ ပြန်သွားရတော့မှာပါ။ဒီတစ်ကြိမ်မှာတော့ ကျနော်တို့ဖြစ်အောင် လုပ်သွားမှာပါ”လို့ ဆိုခဲ့ပါတယ်။
မာကိုရူးစ်အနေနဲ့ ဒေါ့မွန်အသင်းကို ချန်ပီယံလိဂ်ဖလားရယူပေးပြီး နှုတ်ဆက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။