World Cup 2022

နာမည်ကြီးထမင်းငတ်ဖြစ်နေကျ အင်္ဂလန်အတွက် ဟယ်ရီကိန်းကြောင့် နဗီးလ်စိုးရိမ်နေ

ယူနိုက်တက်နဲ့ အင်္ဂလန်ညာနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဟယ်ရီကိန်း ခြေကျင်းဝတ်ဒဏ်ရာရရှိနေတဲ့အပေါ် စိုးရိမ်မိကြောင်း ပြောကြားလာပါတယ်။ ဟယ်ရီကိန်းဟာ အီရန်ကို ၆-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှာ အသင်းအတွက် ခြေစွမ်းပြကာ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ပေးခဲ့သူပါ။ ဒါပေမယ့် ဒီပွဲမှာ သူက ခြေကျင်းဝတ်ဒဏ်ရာအသေးစားကို ရရှိခဲ့ပါတယ်။ ဒီဒဏ်ရာအတွက် စကန်ဖတ် စစ်ဆေးမှုတွေ ပြုလုပ်နေရပါတယ်။ ဒဏ်ရာက မပြင်းထန်ပေမယ့်လည်း နဗီးလ်ကတော့ ဟယ်ရီကိန်းရဲ့ ဒဏ်ရာနဲ့ ပတ်သက်လို့ အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။ နဗီးလ်က “ကျွန်တော် နည်းနည်းလေး စိုးရိမ်နေပါတယ်။ ဟယ်ရီကိန်းရဲ့ဒဏ်ရာက အင်္ဂလန်အတွက် ပြဿနာဖြစ်လာနိုင်ပါတယ်။ ဆောက်ဂိတ်က စိတ်ဓာတ်စစ်ဆင်ရေး လုပ်လိုတဲ့ နည်းပြမဟုတ်ဘူးလို့ ထင်ပါတယ်” “ကျွန်တော် ဒီအပေါ်မှာ စိုးရိမ်စိတ်ရှိနေပါတယ်။ ဟယ်ရီကိန်းရဲ့နေရာကို တိုက်ရိုက်အစားထိုးနိုင်တဲ့ ကစားသမားမရှိသေးပါဘူး။ သူ့လိုမျိုး […]

World Cup 2022

အင်္ဂလန်အသင်း ကမ္ဘာ့ဖလားယူနိုင်မယ်လို့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းဖွင့်ဟ

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်း ချန်ပီယံဖြစ်ဖို့ကို ယုံကြည်နေကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ အင်္ဂလန်ဟာ နောက်ဆုံးပြိုင်ပွဲကြီးနှစ်ခုဖြစ်တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားနဲ့ ယူရို-၂၀၂၁ တို့မှာ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတို့ကို အသီးသီး တက်ရောက်နိုင်ခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲတွေမှာ အင်္ဂလန်တို့ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ အခု လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာလည်း အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ပတ်သက်လို့ ပရိသတ်အချို့က မျှော်လင့်နေကြပေမယ့် အချို့ကတော့ ဆောက်ဂိတ်ရဲ့ လက်ရွေးစင်အသင်း လူစာရင်းကို ဝေဖန်နေကြပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ပြိုင်ပွဲကြီးနှစ်ခုမှာ အင်္ဂလန်တို့ နောက်ဆုံးအဆင့်တွေအထိ တက်ရောက်နိုင်ခဲ့တာက ပင်နယ်တီတွေ၊ ပွဲချောင်မှုတွေကြောင့်လို့ သုံးသပ်နေကြပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်းကတော့ ဒီနှစ် ကမ္ဘာ့ဖလားမှာ အင်္ဂလန် ချန်ပီယံဖြစ်ဖို့ ယုံကြည်နေပါတယ်။ ဟယ်ရီကိန်းက “ကျနော်တို့ […]

World Cup 2022

ဟယ်ရီကိန်းကို ဘယ်လိုဘယ်ပုံကိုင်တွယ်ဆိုပြီး ဆောက်ဂိတ်ကို ဆရာပြန်လုပ်နေတဲ့ ကွန်တီ

စပါးနည်းပြ ကွန်တီက အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ တာဝန်တွေကို အသင်းမှာ အကောင်းဆုံး စီမံခန့်ခွဲနိုင်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအနေနဲ့လည်း ဒါမျိုး ဖြစ်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဟယ်ရီကိန်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အဓိကအသင်းခေါင်းဆောင် တိုက်စစ်မှူးဖြစ်ပြီး ဒီရာသီမှာလည်း စပါးအတွက် ကစားပေးရင်း ဒဏ်ရာရရှိထားခြင်းမရှိပါဘူး။ ဒါပေမယ့် ကြားရက်က ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲအပြီးမှာတော့ ဟယ်ရီကိန်းက အရမ်းကို ပင်ပန်းနေတာကြောင့် လူစားလဲခဲ့ရကြောင်း ကွန်တီက ဖွင့်ဟခဲ့ပါတယ်။ အခုချိန်မှာတော့ ကွန်တီက “ပရိသတ်တွေအနေနဲ့ ဟယ်ရီကိန်းနဲ့ ပတ်သက်လို့ သေချာပေါက် စိုးရိမ်စရာ မရှိပါဘူး။ သူက ကမ္ဘာ့ဖလားပြိုင်ပွဲကို ကောင်းကောင်း ကစားခွင့်ရမှာပါ” “ဘာကြောင့်လဲဆိုတော့ သူက ဒီရာသီမှာ လုံးဝကို ဒဏ်ရာမရထားပါဘူး။ လေ့ကျင့်ခန်းလည်း ကောင်းကောင်းဆင်းနေပြီး ကြံ့ခိုင်မှုလည်း ပြည့်ဝနေပါတယ်” “ခင်ဗျားရဲ့ ထိပ်တန်းကစားသမားတွေကို ကစားခွင့်ပေးဖို့ […]

Premier League

ဟာလန်းကိုကြည့်ပြီး ဟယ်ရီကိန်း နောင်တရနေလောက်ပြီလို့ ဖာဒီနန်ပြော

ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ဖာဒီနန်က ဟယ်ရီကိန်းအနေနဲ့ မန်စီးတီးမှာ ဟာလန်းခြေစွမ်းပြနေတာကိုကြည့်ပြီး မန်ချက်စတာမြေကို မပြောင်းရွှေ့ဖြစ်ခဲ့တဲ့အတွက် နောင်တရနေလောက်ပြီလို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးကို ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၂၀) သွင်းယူပေးထားပြီးဖြစ်ပါတယ်။ ဟယ်ရီကိန်းကလည်း ပြီးခဲ့တဲ့ (၂၀၂၁) နွေမှာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တာပါ။ ဒါပေမယ့် စပါးဘက်က ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ရတာတောင် မရောင်းထုတ်ခဲ့ပါဘူး။ ဒီလိုအနေအထားမျိုးအပေါ် ဖာဒီနန်က “ကျနော်သာ မန်စီးတီးနေရာမှာဆိုရင် ဟာလန်းမလာခင် ဟယ်ရီကိန်းကို သေချာပေါက် ခေါ်မှာပါ” “ဟယ်ရီကိန်းက ဂိုးသွင်းသေချာတဲ့သူ၊ ပွဲကို ဆုံးဖြတ်ပေးနိုင်လောက်အောင် သွေးအေးတဲ့ ကစားသမားပါ။ ဘယ်လိုခေတ်မျိုးမှာမဆို သူက ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ သူသာ မန်စီးတီးမှာ ဆိုရင် တော်တော် ခြေစွမ်းပြမှာပါ” […]

Premier League

အင်္ဂလန်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို နားလည်ကြောင်း ဟယ်ရီကိန်းပြောကြား

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက နေးရှင်းလိဂ်မှာ တန်းဆင်းပြီးနောက် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို နားလည်ကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ အင်္ဂလန်ဟာ မနေ့ညက အီတလီကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဲ့ဒီနောက် အုပ်စုမှာ ရမှတ် (၂) မှတ်သာရရှိထားပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် ဂျာမနီနဲ့ မကစားခင်မှာ လိဂ်ဘီကို တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန်ဟာ နောက်ဆုံး (၅) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အသင်းက ပင်နယ်တီကလွဲရင် နောက်ဆုံး (၅) ပွဲဆက်တိုက်မှာ တဂိုးမှမသွင်းနိုင်ခဲ့ဘဲ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ မီလန်မြို့က ဆန်စီရိုကွင်းကြီးထဲမှာလည်း အင်္ဂလန်ပရိသတ်တွေက သူတို့အသင်းကို ပြန်လည်လှောင်ပြောင်ခဲ့ကြပါတယ်။ အဲ့ဒါကြောင့်လည်း ဒီပွဲအပြီးမှာ ဟယ်ရီကိန်းက “ပွဲချိန်အတွင်းမှာ ကျနော်တို့ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေရခဲ့တယ်ထင်ပါတယ်။ ပြိုင်ဘက်အတွက် အခွင့်အရေးတကြိမ်ကနေ ဂိုးရခဲ့ပါတယ်” “အဲ့ဒီနောက်ပိုင်းကစလို့ ကျနော်တို့ […]

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ စပါးဟာ လက်ရှိအချိန်မှာ ဟယ်ရီကိန်းကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။ နည်းပြ ကွန်တီကလည်း သူ့ရဲ့ အဓိက,ကစားသမားကို အသင်းမှာ ဆက်နေဖို့ ဆန္ဒရှိနေပါတယ်။ ဟယ်ရီကိန်းကတော့ ဒီရာသီမှာသာ ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာခဲ့ရင် အသင်းက ထွက်ဖို့ ပြင်ဆင်နိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးကို လက်လွှတ်ခဲ့ရပါတယ်။ ဒီနေရာအတွက် တိုက်ရိုက်အစားထိုးအားဖြည့်ခဲ့ခြင်းလည်း မရှိပါဘူး။ ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ် ပစ်မှတ်တွေထဲက တယောက် အပါအဝင်ဖြစ်ပြီး အဆိုပါ […]