World Cup 2022

ဟယ်ရီကိန်းကို ဘယ်လိုဘယ်ပုံကိုင်တွယ်ဆိုပြီး ဆောက်ဂိတ်ကို ဆရာပြန်လုပ်နေတဲ့ ကွန်တီ

စပါးနည်းပြ ကွန်တီက အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ တာဝန်တွေကို အသင်းမှာ အကောင်းဆုံး စီမံခန့်ခွဲနိုင်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအနေနဲ့လည်း ဒါမျိုး ဖြစ်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဟယ်ရီကိန်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အဓိကအသင်းခေါင်းဆောင် တိုက်စစ်မှူးဖြစ်ပြီး ဒီရာသီမှာလည်း စပါးအတွက် ကစားပေးရင်း ဒဏ်ရာရရှိထားခြင်းမရှိပါဘူး။ ဒါပေမယ့် ကြားရက်က ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲအပြီးမှာတော့ ဟယ်ရီကိန်းက အရမ်းကို ပင်ပန်းနေတာကြောင့် လူစားလဲခဲ့ရကြောင်း ကွန်တီက ဖွင့်ဟခဲ့ပါတယ်။ အခုချိန်မှာတော့ ကွန်တီက “ပရိသတ်တွေအနေနဲ့ ဟယ်ရီကိန်းနဲ့ ပတ်သက်လို့ သေချာပေါက် စိုးရိမ်စရာ မရှိပါဘူး။ သူက ကမ္ဘာ့ဖလားပြိုင်ပွဲကို ကောင်းကောင်း ကစားခွင့်ရမှာပါ” “ဘာကြောင့်လဲဆိုတော့ သူက ဒီရာသီမှာ လုံးဝကို ဒဏ်ရာမရထားပါဘူး။ လေ့ကျင့်ခန်းလည်း ကောင်းကောင်းဆင်းနေပြီး ကြံ့ခိုင်မှုလည်း ပြည့်ဝနေပါတယ်” “ခင်ဗျားရဲ့ ထိပ်တန်းကစားသမားတွေကို ကစားခွင့်ပေးဖို့ […]

Premier League

ရပ်ရှ်ဖို့ဒ်က ဘယ်တောင်ပံမှာ ပိုကောင်းတယ်ဆိုတာကို အိုဝင်လည်း ထောက်ခံခဲ့

ယူနိုက်တက်နဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ရပ်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်ရဲ့ သုံးယောက်တန်းတိုက်စစ်အတွက် ဘယ်တောင်ပံမှာ ပိုမိုခြေစွမ်းပြနိုင်တာကို လက်ခံကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ မနေ့ညက စပါးနဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ်က ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမား လိုရစ်ရဲ့ လက်စွမ်းပြမှုတွေကြောင့်သာ သွင်းဂိုးမရရှိခဲ့တာပါ။ ဒီပွဲမှာ ယူနိုက်တက်အတွက် ဖရက်ဒ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့က ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း သူ့အတွက် ဘယ်တောင်ပံက ပိုမိုသင့်တော်တဲ့နေရာဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြောကြားထားပါတယ်။ အခု အိုဝင်ကလည်း “ကျနော့်အနေနဲ့ ရပ်ရှ်ဖို့ဒ်ကို ဘယ်တောင်ပံမှာ ကစားဖို့ ပိုဦးစားပေးလိုပါတယ်” “ယူနိုက်တက်ရဲ့ ဗဟိုတိုက်စစ်မှာ ကစားမယ်၊ အသက် (၂၀) ဝန်းကျင်မှာတင် ဂိုးတွေ သွင်းနိုင်မယ်ဆိုရင် ခင်ဗျားက အကောင်းဆုံးကစားသမား ငါးယောက်ခြောက်ယောက် စာရင်းထဲ ပါဝင်လာမှာပါ။ ဒီအသင်းရဲ့ အရှိန်အဝါကြောင့်လည်း ပါတာပေါ့” “ရပ်ရှ်ဖို့ဒ်က […]

Premier League

ရော်နယ်ဒိုမပါရင် ဘရူနိုဖာနန်ဒက်စ် ပိုပျော်လေ့ရှိတယ်လို့ ရှီးယားပြော

ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီး အလန်ရှီးယားက ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ရော်နယ်ဒို မပါဝင်တဲ့အချိန်တွေမှာ ကစားရတာ ပိုပျော်သလိုဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ မနေ့ညက စပါးကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အတွက် ဂိုးတွေကို ဖရက်ဒ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့က သွင်းယူပေးခဲ့တာပါ။ ဒီပွဲမှာ ရော်နယ်ဒိုက ပွဲအစအဆုံး အရန်ခုံမှာပဲရှိနေခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ကတော့ အသင်းအတွက် ခြေစွမ်းပြခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ အသင်းအတွက် နောက်တဂိုးထပ်မံသွင်းယူပေးခဲ့ပေမယ့် လူကျွံနေတာကြောင့်သာ ပယ်ဖျက်ခံခဲ့ရတာပါ။ အလန်ရှီးယားက “ဒီကနေ့ည ဘရူနိုဖာနန်ဒက်စ်ရဲ့ ကစားပုံကိုကြည့်ရတာ သူ့ရဲ့ ဦးဆောင်နိုင်စွမ်း၊ ခံစစ်၊ တိုက်စစ် အရည်အချင်းတွေက ဒီညပွဲအတွက် အများကြီး အကျိုးရှိခဲ့ပါတယ်။ သူက ဂိုးသွင်းနိုင်ဖို့လည်း ထိုက်တန်ခဲ့ပါတယ်” “ဘရူနိုဖာနန်ဒက်စ်ကိုကြည့်ရတာ ရော်နယ်ဒို မပါဝင်တဲ့အချိန်တွေမှာ ကစားရတာ ပိုမိုပျော်ရွှင်သလိုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ […]

Premier League

အဲရစ်ဆင်နဲ့ ထပ်မံလက်တွဲလိုကြောင်း စပါးနည်းပြ ကွန်တီပြောကြား

စပါးနည်းပြ ကွန်တီက ယူနိုက်တက် ကွင်းလယ်လူ အဲရစ်ဆင်နဲ့ နောက်တကြိမ် ထပ်မံလက်တွဲလိုကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ စပါးဟာ မနက်ဖြန်ညမှာ ယူနိုက်တက်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ ဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ကွန်တီက အခုလိုမျိုးပဲ ဖွင့်ဟပြောကြားခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အင်တာမီလန်မှာ လက်တွဲခဲ့ဖူးကြပါတယ်။ အဲ့ဒီအချိန်တုန်းက အင်တာမီလန်ကလည်း စကူဒက်တို ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ချိုမြိန်တဲ့ကာလကို အတူတကွ ဖြတ်သန်းခဲ့ကြပါတယ်။ အဲ့ဒီနောက် ကွန်တီက စပါးကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲရစ်ဆင်ကလည်း ယူရို-၂၀၂၀ မှာ နှလုံးဖောက်ကာ မေ့မောလဲကျပြီးနောက်ပိုင်း နှလုံးကို စက်ထည့်ခဲ့ရတာကြောင့် စီးရီးအေရဲ့ စည်းကမ်းတွေအရ အသင်းမှာ ဆက်ကစားခွင့်မရရှိတော့ပါဘူး။ အဲရစ်ဆင်ဟာ ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်ကတဆင့် ယူနိုက်တက်ကို ပြီးခဲ့တဲ့နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပါတယ်။ အဲရစ်ဆင်နဲ့ပတ်သက်လို့ ကွန်တီက “အခြားအသင်းက ကစားသမားအကြောင်း ကျနော် […]

Premier League

စပါးနဲ့ပွဲမှာ ပြဿနာမရှာဖို့ ချာကာကို ဒေးဗစ်ဆီးမင်းသတိပေး

အာဆင်နယ်နဲ့ အင်္ဂလန် ဂန္တဝင်ဂိုးသမားဟောင်းကြီး ဒေးဗစ်ဆီးမင်းက ဒီကနေ့ည မြောက်လန်ဒန်ဒါဘီပွဲမှာ ချာကာအနေနဲ့ ပြဿနာမတက်အောင် ကစားဖို့ သတိပေးတိုက်တွန်းလိုက်ပါတယ်။ အာဆင်နယ်က စပါးကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံကစားရမှာပါ။ ဒီပွဲက အာဆင်နယ်အတွက် ကြီးမားတဲ့ စမ်းသပ်မှုတခုဖြစ်လာပါလိမ့်မယ်။ အာဆင်နယ်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အသင်းတသင်းလည်းဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ အသင်းကြီးဖြစ်တဲ့ ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့ချိန်မှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အခု နောက်ထပ်အသင်းကြီးဖြစ်တဲ့ စပါးနဲ့ ထိပ်တိုက်တွေ့ချိန်မှာ အာဆင်နယ်တို့ ရလဒ်ကောင်းရရှိဖို့ လိုအပ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ် ကွင်းလယ်က ချာကာလည်း သေချာပေါက် ပွဲထွက်ကစားမှာပါ။ ချာကာဟာ ဒီရာသီမှာ အာဆင်နယ်အတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ ကစားသမားတွေထဲက တယောက်လည်းဖြစ်ပါတယ်။ ချာကာဟာ အရင်က အလွယ်တကူ […]

Premier League

လေးစားမှုမရှိတဲ့အလုပ်တွေမလုပ်ဖို့ စပါးနည်းပြ ကွန်တီ သတိပေးပြောကြား

စပါးနည်းပြ ကွန်တီက ဂျူဗင်တပ်စ်နဲ့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် တဖက်နည်းပြကိုရော၊ သူ့အပေါ်မှာပါ မလေးစားရာကျတယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ကွန်တီရဲ့ စပါးဟာ ဒီတပတ်မှာ အာဆင်နယ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲအဖြစ် ရင်ဆိုင်ရမှာပါ။ ဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ကွန်တီက “ဒီလိုမျိုး သတင်းတွေထွက်နေတာက ဂျူဗင်တပ်စ်နည်းပြအတွက်ရော၊ စပါးနည်းပြဖြစ်တဲ့ ကျနော့်အတွက်ပါ မလေးစားရာရောက်ပါတယ်” “ကျနော်တို့ အခုမှရာသီအစပဲရှိပါသေးတယ်။ ကျနော် ဒီအကြောင်းကို အကြိမ်ပေါင်းများစွာ ပြောပြီးပါပြီ။ ကျနော် စပါးမှာ ပျော်ရွှင်နေတယ်ဆိုတာကိုပေါ့။ အသင်းအတွက်ရော၊ ကျနော့်အတွက်ပါ တရာသီလုံးအတွက် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကို ကျနော်တို့ ရှာရပါမယ်” “သေချာတာက ကျနော် စပါးမှာ၊ စပါးကစားသမားတွေနဲ့ အလုပ်တွဲလုပ်ရတာကို ပျော်ရွှင်နေပါတယ်။ စပါးပိုင်ရှင်၊ ဒါရိုက်တာ ပရက်တီချီတို့နဲ့ ကျနော် ကောင်းမွန်တဲ့ ဆက်ဆံရေးလည်းရှိပါတယ်။ အနာဂတ်မှာလည်း ဘာပြဿနာမှရှိလာမယ် မထင်ပါဘူး” “အခုချိန်က […]

Premier League

အာဆင်နယ်ကိုဝယ်ယူဖို့ နီးစပ်ခဲ့သေးတဲ့ ချဲလ်ဆီးပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်

ချဲလ်ဆီးအသင်းပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်ဟာ ပြီးခဲ့တဲ့ (၂၀၀၃) မှာ အာဆင်နယ်ကို ဝယ်ယူဖို့ နီးစပ်ခဲ့သေးကြောင်း သိရှိရပါတယ်။ အဆိုပါ ရုရှားသူဌေးဟာ အဲ့ဒီအချိန်မှာ ချဲလ်ဆီးကို မဝယ်ယူရသေးပါဘူး။ ဒါပေမယ့် အာဆင်နယ်ကို ဝယ်ယူဖို့ သူ့ရဲ့ကြိုးစားမှုက အာဆင်နယ်ကို ရောင်းချရန်မဟုတ်ဆိုတဲ့ ငြင်းဆန်မှုကြောင့် အဆုံးသတ်ခဲ့ရပါတယ်။ အေဘရာမိုဗစ်ချ်ဟာ အာဆင်နယ်ကို ဝယ်ယူဖို့အတွက် ဆွစ်ဇာလန်ဘဏ်ဖြစ်တဲ့ UBS ကို ငှားရမ်း ကြိုးစားခဲ့ပါတယ်။ အာဆင်နယ်ဘက်ကတော့ ဒီကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့တဲ့နောက် ရုရှားသူဌေးကြီးက ချဲလ်ဆီးကိုပဲ ပြောင်းလဲဝယ်ယူခဲ့ပါတယ်။ အေဘရာမိုဗစ်ချ် လက်ထက် ချဲလ်ဆီးက ပြည်တွင်းမှာရော၊ ဥရောပမှာပါ ထိပ်တန်းအသင်းတသင်းဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ရနိုင်သမျှ ဆုဖလားအားလုံးကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းက လူရိုသေ၊ ရှင်ရိုသေ အသင်းဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်ကတော့ အမေရိကန်သူဌေးတွေဖြစ်တဲ့ ခရွန်ကီတို့ လက်ထဲ ကျရောက်ခဲ့ပြီး […]

Premier League

ငါ့ကို သစ္စာမဖောက်နဲ့ကွာဆိုပြီး စပါးကစားသမားတယောက်ကို ကွန်တီမှာကြား

စပါးနည်းပြ ကွန်တီက အသင်းရဲ့ ကစားသမား အဲရစ်ဒိုင်ယာကို သူ့အပေါ် သစ္စာမဖောက်ဖို့ မှာကြားထားပြီး အီတလီဂန္တဝင်နောက်ခံလူကြီး ဘိုနူချီရဲ့ ကစားပုံကို လေ့လာသင်ယူဖို့ အသိပေးထားကြောင်း သိရှိရပါတယ်။ ဒိုင်ယာဟာ ကွင်းလယ်မှာရော၊ ဗဟိုနောက်ခံလူနေရာမှာပါ ကစားနိုင်ပြီး လက်ရှိ ကွန်တီလက်ထက် စပါးရဲ့ အဓိကကျတဲ့ ကစားသမားအဖြစ် အသုံးတော်ခံနေရပါတယ်။ ဒီကစားသမားနဲ့ပတ်သက်လို့လည်း ကွန်တီက တော်တော်လေး အားကိုးအားထားပြုနေပါတယ်။ အဆိုပါ အင်္ဂလန်သားဟာ စပါးမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် အီတလီ၊ ဂျာမနီတို့နဲ့ ကစားမယ့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နေးရှင်းလိဂ်လူစာရင်းမှာလည်း ပြန်လည်ရွေးချယ်ခံထားရပါတယ်။ ဒိုင်ယာနဲ့ပတ်သက်လို့ ကွန်တီက “ဒိုင်ယာကို အခြားအရေးကြီးတဲ့ ဗဟိုနောက်ခံလူတွေနဲ့ နှိုင်းမယ်ဆိုရင် သူက ကွင်းလယ်လူတယောက်အဖြစ် ကစားသမားဘဝကို အစပြုခဲ့တာကိုလည်း မမေ့ကြပါနဲ့” “ခေတ်သစ် ဘောလုံးလောကမှာ ခင်ဗျားက သူ့ကို ဗဟိုနောက်ခံလူတယောက်အနေနဲ့ရော၊ […]

Premier League

သူ့အပေါ် စိတ်ရှည်သည်းခံပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်နေတဲ့ ဆွန်ဟောင်မင်

စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ လက်စတာနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် သူ့အပေါ် စိတ်ရှည်သည်းခံပေးခဲ့ကြတဲ့ ပရိသတ်တွေနဲ့ အသင်းဖော်တွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ဆွန်ဟောင်မင်က အရန်ခုံသာထိုင်ခဲ့ရပြီး ဒုတိယပိုင်း (၅၉) မိနစ်မှ လူစားဝင်ကစားခွင့်ရရှိခဲ့တာပါ။ ဒါပေမယ့် ဆွန်ဟောင်မင်က ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ဒီဟက်ထရစ်ကလည်း (၁၃) မိနစ်အတွင်း သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင် လူစားဝင်လာချိန်မှာ စပါးက လက်စတာကို ၃-၂ ဂိုးနဲ့ ဦးဆောင်ထားတာဖြစ်ပြီး ဆွန်ဟောင်မင် ဝင်လာပြီးနောက်ပိုင်း ဆွန်ရဲ့ ဟက်ထရစ်နဲ့ ၆-၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲက သွင်းဂိုးတွေဟာ ဆွန်အတွက် ဒီရာသီ ပထမဆုံး သွင်းဂိုးတွေလည်းဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာ ဆွန်ဟောင်မင်က “ကျနော့်အနေနဲ့ အရင်ပွဲတွေမှာတည်းက အခုထက် ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်တာပါ။ အဲ့ဒီအတွက်လည်း ကျနော် စိတ်ပျက်ခဲ့ရပါတယ်။ […]

Premier League

ပရိသတ်ချစ်ပေမယ့် ခြေစွမ်းမပြနိုင်တော့တဲ့ ဆွန်ကို ကွန်တီချန်လှပ်မယ်လို့ ဝန်ခံ

စပါးနည်းပြ ကွန်တီက သူ့အနေနဲ့ လက်စတာနဲ့ ဒီကနေ့ည ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ ဆွန်ဟောင်မင်ကို ချန်လှပ်ဖို့ ပြင်ဆင်ထားကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတာပါ။ ပြီးခဲ့တဲ့ရာသီမှာ အဆိုပါ တောင်ကိုရီးယား ကစားသမားလေးက အသင်းအတွက် ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုကိုလည်း လီဗာပူးတိုက်စစ်ကစားသမား ဆာလာနဲ့ ပူးတွဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ဆွန်ဟောင်မင်က အသင်းအတွက် တဂိုးမှ မသွင်းယူနိုင်သေးပါဘူး။ ကွန်တီက “ဆွန်က မပျော်ရွှင်တာ သေချာတာပေါ့။ ဘာကြောင့်လဲဆိုတော့ သူက ဂိုးမှမသွင်းနိုင်တာ။ သူလက်ရှိအနေအထားအတွက် စိတ်ဆိုးနေတာက သာမန်ကိစ္စပါပဲ။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်လည်း ပြောင်းလဲချင်နေလို့လေ” “ကျနော်တို့ ဆွန်ဟောင်မင်အကြောင်းကို ပြောနေကြပေမယ့် သူက ကျနော်တို့အတွက် တကယ်ကို အရေးပါတဲ့ ကစားသမားပါ။ အချို့ပွဲတွေမှာ သူ […]