Premier League

ငါ့ကို သစ္စာမဖောက်နဲ့ကွာဆိုပြီး စပါးကစားသမားတယောက်ကို ကွန်တီမှာကြား

စပါးနည်းပြ ကွန်တီက အသင်းရဲ့ ကစားသမား အဲရစ်ဒိုင်ယာကို သူ့အပေါ် သစ္စာမဖောက်ဖို့ မှာကြားထားပြီး အီတလီဂန္တဝင်နောက်ခံလူကြီး ဘိုနူချီရဲ့ ကစားပုံကို လေ့လာသင်ယူဖို့ အသိပေးထားကြောင်း သိရှိရပါတယ်။

ဒိုင်ယာဟာ ကွင်းလယ်မှာရော၊ ဗဟိုနောက်ခံလူနေရာမှာပါ ကစားနိုင်ပြီး လက်ရှိ ကွန်တီလက်ထက် စပါးရဲ့ အဓိကကျတဲ့ ကစားသမားအဖြစ် အသုံးတော်ခံနေရပါတယ်။ ဒီကစားသမားနဲ့ပတ်သက်လို့လည်း ကွန်တီက တော်တော်လေး အားကိုးအားထားပြုနေပါတယ်။

အဆိုပါ အင်္ဂလန်သားဟာ စပါးမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် အီတလီ၊ ဂျာမနီတို့နဲ့ ကစားမယ့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နေးရှင်းလိဂ်လူစာရင်းမှာလည်း ပြန်လည်ရွေးချယ်ခံထားရပါတယ်။ ဒိုင်ယာနဲ့ပတ်သက်လို့ ကွန်တီက “ဒိုင်ယာကို အခြားအရေးကြီးတဲ့ ဗဟိုနောက်ခံလူတွေနဲ့ နှိုင်းမယ်ဆိုရင် သူက ကွင်းလယ်လူတယောက်အဖြစ် ကစားသမားဘဝကို အစပြုခဲ့တာကိုလည်း မမေ့ကြပါနဲ့”

“ခေတ်သစ် ဘောလုံးလောကမှာ ခင်ဗျားက သူ့ကို ဗဟိုနောက်ခံလူတယောက်အနေနဲ့ရော၊ နံပါတ် (၄) နေရာမှာရော အသုံးပြုနိုင်ပါတယ်။ ဘောလုံးရှိနေချိန်မှာ သူ့အတွက် ဘိုနူချီက တကယ်ကို ကောင်းတဲ့ဥပမာတခုဖြစ်နိုင်ပါတယ်”

“ဒါပေမယ့် ဘိုနူချီက သူ့ရဲ့ ကစားသမားဘဝမှာ အများကြီး လုပ်ပြခဲ့ပြီးပါပြီ။ ဒိုင်ယာက အခုမှ စတာပါ။ ဒါပေမယ့် သေချာတာက ဘိုနူချီက သူ့အတွက် ဥပမာကောင်းဖြစ်လာမှာပါ”

“ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အရေးပါတဲ့ ကစားသမားတယောက်အကြောင်းကို ပြောနေတာလေ။ ဘိုနူချီက ဂျူဗင်တပ်စ်နဲ့ရော၊ အီတလီနဲ့ရော အောင်မြင်မှုတွေ အများကြီး ဆွတ်ခူးပြီးပါပြီ။ ဒိုင်ယာလည်း သူ့ရဲ့ ကစားသမားဘဝမှာ ဒါမျိုး ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ပါတယ်”

“ကျနော် စပါးကို ရောက်လာချိန်မှာ ယုံကြည်မှုအများကြီးရှိတဲ့ ကစားသမား များများစားစားမရှိခဲ့ပါဘူး။ သူ့ကို စတွေ့တည်းက ထိပ်တန်းနောက်ခံလူဖြစ်လာမှာကို ကျနော် ခံစားမိခဲ့ပါတယ်။ ဒါပေမယ့် ဒါ အခုမှ အစပဲရှိပါသေးတယ်”

“ဒီလိုမှမဟုတ်ရင် ကျနော် သူ့ကို ဒေါသထွက်မိမှာပါ။ လက်ရွေးစင်အသင်းအတွက် ကစားခွင့်ရဖို့ တပွဲချင်းစီ စွမ်းဆောင်ပြရမှာပါ။ သူ ကျနော့်ကိုလည်း သစ္စာဖောက်လို့ မရပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ