Premier League

တိုက်စစ်မှာ အတွဲအဖက်အသစ်ကို မိတ်ဆက်ဦးမယ်လို့ ဂွါကြီး အရိပ်အမြွက်ပြော

မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဟာလန်းနဲ့ ဂျူလီယန်အယ်လ်ဗာရက်ဇ်တို့ နှစ်ယောက်ကို တွဲဖက်ပွဲထုတ်နိုင်တဲ့အကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ ဒီကစားသမားနှစ်ယောက်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ မန်စီးတီးကို အသီးသီး ရောက်ရှိလာတာပါ။

ဟာလန်းဟာ လက်ရှိအချိန်မှာ မန်စီးတီးအတွက် ဂိုးသွင်းခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ သြဂုတ်လရဲ့ ပရီးမီးယားလိဂ် တလတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်ဗာရက်ဇ်ကတော့ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားနေရဆဲပါ။

ဟာလန်းနဲ့ အယ်လ်ဗာရက်ဇ်တို့ဟာ ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်ပွဲမှာ (၃၁) မိနစ်၊ ဝုလ်ဗ်နဲ့ပွဲမှာ (၁၉) မိနစ် အတူတူ တွဲကစားခဲ့ကြပါတယ်။ ဒီနှစ်ယောက်ကို လာမယ့်အနာဂတ်မှာ တွဲဖက် အသုံးပြုဖို့ရှိ၊ မရှိဆိုတဲ့အပေါ်မှာလည်း ဂွါဒီယိုလာက အခုလိုပဲ ပြောကြားလာပါတယ်။

ဂွါဒီယိုလာက “ဝုလ်ဗ်နဲ့ပွဲမှာ ဟာလန်းနဲ့ အယ်လ်ဗာရက်ဇ်တို့ နှစ်ယောက်ကို တွဲဖက်အသုံးပြုတာက ဒီရာသီမှာ ဒုတိယအကြိမ်ပါ။ ကျနော် ဒါကို သဘောကျပါတယ်။ ပိုပြီးတော့လည်း တိုက်စစ်ပြန်ဆင်နိုင်ပါတယ်”

“နှစ်ယောက် တွဲဖက်ပြီး ကစားနိုင်ဖို့ ရှိ၊ မရှိက သူတို့ရဲ့ စွမ်းဆောင်ရည်၊ ချိတ်ဆက်မှုကို မူတည်ပါတယ်။ တယောက်နဲ့ တယောက် အကြောင်းသိပြီး သူတို့ ကောင်းကောင်း ချိတ်ဆက်နိုင်ရင် အဆင်ပြေမှာပါ”

“အခု အခိုက်အတန့်မှာ ဟာလန်းက အယ်လ်ဗာရက်ဇ်ကို ဘောလုံးပေးပြီး အယ်လ်ဗာရက်ဇ်ကလည်း အပြန်အလှန် ဘောလုံးပေးနေပါတယ်။ သူတို့ တကိုယ်ကောင်းမဆန်ပါဘူး။ တယောက်နဲ့ တယောက် စောင့်ရှောက်ပေးကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ