Bundesliga Serie A

ချယ်လ်ဆီးက ထုတ်ခံရပြီးနောက် ထိပ်တန်းအသင်းကြီးကို ကိုင်တွယ်ရဖို့ ရှိနေတဲ့ တူချယ်လ်

ချယ်လ်ဆီးနည်းပြဟောင်း တူချယ်လ်ဟာ ဂျုဗင်တပ်စ် ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်အသင်းရဲ့နည်းပြဖြစ်လာဖွယ်ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

တူချယ်လ်ဟာ ပိုင်ရှင် တော့ဒ်ဘိုလီနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့အပြင် ရလဒ်ပိုင်းတွေကလည်း ဆိုးရွားနေတာကြောင့် အခုလအစောပိုင်းက နည်းပြရာထူးကနေ ထုတ်ပယ်ခြင်း ခံခဲ့ရတာပါ။

ဒါပေမယ့် Bild ရဲ့ဖော်ပြချက်မှာ တူချယ်လ်ကို ခန့်ဖို့ အသင်းကြီး ၂ သင်းက မျက်စိကျနေတာနဲ့ အတူ နည်းပြလောကကို အလျင်အမြန်ပြန်လည်ဝင်ရောက်ဖို့ ရှိနေတာလို့ သိရပါတယ်။ဂျုဗင်တပ်စ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ဒီရာသီမှာ ရလဒ်ပိုင်းဆိုးရွားနေခဲ့တာပါ။

အဲ့ဒါကြောင့် အယ်လီဂရီနဲ့ နာဂျယ်လ်စမန်းတို့ဟာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ ဖိအားတွေ ရှိနေတာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေး ၄ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးနေပြီး ထိပ်ဆုံးနေရုက ယူနီယံဘာလင်နဲ့ ၅ မှတ်ကွာဟနေတာပါ။

ဘိုင်ယန်မြူးနစ် CEO အိုလီဗာခန်းကတော့ နည်းပြဘက်က အပြည့်အဝ ရပ်တည်ပေးကြောင်း ပြောခဲ့ပါတယ်။ဂျူဗင်တပ်စ်အသင်းဟာ လက်ရှိအချိန်မှာ နောက်ဆုံးကစားခဲ့တဲ့ ၈ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားတဲ့အထိ အခြေအနေဆိုးနေခဲ့တာပါ။

epa09529262 Juventus? coach Massimiliano Allegri reacts during the Italian Serie A soccer match Juventus FC vs AS Roma at Allianz Stadium in Turin, Italy, 17 october 2021. EPA-EFE/ALESSANDRO DI MARCO

ဘိုင်ယန်နဲ့ ဂျူဗီအသင်းတို့ဟာ တူချယ်လ်အပြင် ဇီဒန်းနဲ့ ပိုချက်တီနိုကိုလည်း နည်းပြအဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Serie A

အစ်ကိုကမွှေလိုက် ဒဏ်ရာကမွှေလိုက်နဲ့ ကံဆိုးပြီးရင်းဆိုးနေတဲ့ ပေါ့ဘာ

ပေါ့ဘာဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူရတော့မှာ ဖြစ်လို့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပေါ့ဘာဟာ ဇူလိုင်လကတည်းက ဒဏ်ရာပြဿနာခံစားခဲ့ရတာဖြစ်ပြီး အခုရာသီ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိသေးတာပါ။ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကတော့ နိုဝင်ဘာ ၂၂ ရက် ဩစ‌တြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနည်းပြ
Serie A

ပေါ့ဘာ ကျိန်စာတိုက်တဲ့ကိစ္စ ပထမဆုံးအကြိမ်အဖြစ် အမ်ဘာပေကိုယ်တိုင်ဖွင့်ဟ

ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြယ်ပွင့် အမ်ဘာပေက ပေါ့ဘာ သူ့အပေါ် ကျိန်စာတိုက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ပေါ့ဘာရဲ့ ပြောစကားတွေကိုသာ ယုံကြည်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ပေါ့ဘာတယောက် အမ်ဘာပေကို ကျိန်စာတိုက်ခဲ့တယ်လို့ ပေါ့ဘာရဲ့အကိုက ဆိုတာပါ။ ပေါ့ဘာဟာ အာဖရိက အောက်လမ်းဆရာတယောက်ကို