Uncategorized

ပရီးမီးယားလိဂ်ကို ပြန်လာနိုင်ဖို့ ခြေလှမ်းတစ်လှမ်းသာလှမ်းဖို့လိုတော့တဲ့ လိဒ်စ်

လိဒ်စ်အသင်းဟာ ချန်ပီယံရှစ်ပလေးအောဖ့်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ နော်ဝစ်ချ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမအကျော့ပွဲစဉ်က ဂိုးမရှိသရေကျခဲ့ပေမယ့် ဒုတိယအကျော့ပွဲစဉ်က ဂိုးပြတ်နိုင်ပွဲကြောင့် လိဒ်စ်အသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး- ဂိုးမရှိနဲ့ နော်ဝစ်ချ်အသင်းကို အနိုင်ရပြီး ချန်ပီယံရှစ်ပလေးအောဖ့် ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ လိဒ်စ်အသင်းဟာ ပလေးအော့ဖ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်ကို ချက်ချင်းတန်းပြန်တက်နိုင်ဖို့ မျှော်လင့်ချက်တွေ ပိုအားကောင်းလာခဲ့ပါတယ်။

လိဒ်စ်အသင်းဟာ ချန်ပီယံရှစ်အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာရပ်တည်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်နိုင်မယ့် အခွင့်အရေးကို အဆုံးသတ်ခဲ့ရပြီး ပလေးအော့ဖ်ပွဲစဉ်တွေယှဉ်ပြိုင်ခဲ့ရတာပါ။လိဒ်စ်အသင်းဟာ ပလေးအောဖ့်ဗိုလ်လုပွဲမှာ ဆောက်သမ်တန်နဲ့ ဝက်စ်ဘရွန်းအသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒီ ၂ သင်းရဲ့ပထမအကျော့ပွဲစဉ်က ဂိုးမရှိသရေကျခဲ့တာဖြစ်လို့ ဗိုလ်လုပွဲတက်နိုင်ဖို့ ၂ သင်းစလုံးအတွက် အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol