ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကို ပြောခဲ့လို့ လာပေါ်တာနဲ့ ဘုတ်အဖွဲ့ဝင်တွေက သူ့ကို ထုတ်ပယ်မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/inbound4205165360316824999-1024x683.jpg)
ဇာဗီဟာ မကြာသေးခင်ကမှ ရာသီအကုန်မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ဒါပေမယ့် ဇာဗီဟာ မီဒီယာတွေရှေ့မှာ
အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကို ဖွင့်ဟခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေ ကြုံတွေ့နေရပေမယ့် ဒါကို လူသိရှင်ကြားပြောခဲ့တာကို အသင်းတာဝန်ရှိသူတွေက ဒေါသထွက်နေပြီး လာမယ့်ရာသီ သူ့ကို ဆက်ပြီး ကိုင်တွယ်ခိုင်းမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/inbound3058635926334244298.jpg)
ဇာဗီဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းကို ဆုဖလားရရှိအောင် မကိုင်တွယ်ပေးနိုင်ခဲ့ပေမယ့် အသင်းကို လာလီဂါမှာ ဒုတိယနေရာနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ရောက်ရှိအောင် ပို့ဆောင်ပေးထားတာဖြစ်ပါတယ်။