အင်တာမိုင်ယာမီအသင်းဟာ ဒီမနက်ကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ ဖလော်ရီဒါပြိုင်ဘက် အော်လန်ဒိုစီးတီးအသင်းနဲ့ပွဲစဉ်မှာ ဂိုးမရှိသရေကျသွားခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/GOAL-Multiple-Images-3-Stacked-Facebook-25-1024x576.webp)
အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲမှာ အသင်းခေါင်းဆောင် မက်ဆီကို ဒဏ်ရာကြောင့် အနားပေးခဲ့တာပါ။အင်တာမိုင်ယာမီအသင်းဟာ မက်ဆီပါဝင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲဆက်တိုက်နိုင်ပွဲရခဲ့ပြီး ဒီပွဲတွေမှာ ၁၉ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အခု မက်ဆီမပါဝင်နိုင်တဲ့ပွဲမှာ အင်တာမိုင်ယာမီအသင်းဟာ ဂိုးမရှိသရေကျသွားခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ ဒီရာသီအစပိုင်းတုန်းက မက်ဆီမပါဝင်နိုင်တဲ့ပွဲတွေမှာ ရလဒ်ကောင်းရယူနိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။အဲ့ဒါကြောင့် အင်တာမိုင်ယာမီအသင်း ရလဒ်ကောင်းတွေရရှိဖို့ဆိုရင် မက်ဆီပါဝင်နိုင်ဖို့လိုအပ်နေပြီး နည်းပြ မာတီနိုကိုယ်တိုင်က လာမယ့်ဒီစီယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ မက်ဆီပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/ESPN-1024x576.jpg)
မက်ဆီဟာ လာမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့ သွားရောက်ပူးပေါင်းမှာ ဖြစ်ပြီး ဒီအချိန်မှာ မေဂျာလိဂ်ပြိုင်ပွဲကလည်း မရပ်တန့်ဘဲ ဆက်ပြီးကစားမှာဖြစ်လို့ အင်တာမိုင်ယာမီအသင်းအတွက် အခက်တွေ့နိုင်တာဖြစ်ပါတယ်။