ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က နယူးကာဆယ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ပရိသတ်တွေအတွက် FA ဖလားရယူပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/inbound8083151462011427871.jpg)
ယူနိုက်တက်အသင်းဟာ ဒီရာသီရလဒ်တွေဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၈ နေရာရပ်တည်နေတာပါ။ဒါပေမယ့် ယူနိုက်တက်အသင်းဟာ FA ဖလားဗိုလ်လုပွဲယှဉ်ပြိုင်ဖို့ ရှိနေတာကြောင့် ဒီဆုဖလားကို ရယူပြီး ရာသီအဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
အဲရစ်တန်ဟတ်က နယူးကာဆယ်အသင်းနဲ့ ပွဲအပြီး ပရိသတ်တွေကို စကားပြောခဲ့ရမှာ “ခင်ဗျားတို့ရဲ့အားပေးမှုက မယုံနိုင်စရာဖြစ်ပြီး အကောင်းဆုံးပါပဲ။ဒီရာသီက မပြီးသေးပါဘူး၊ကျနော်တို့ ဝင်ဘာလေသွားဖို့ ရှိပါသေးတယ်။FA ဖလားကို အိုးထရက်ဖိုဒ့်ထံ ယူဆောင်လာနိုင်ဖို့အတွက် ကျနော်တို့ အရာအားလုံးပေးသွားမယ်ဆိုတာ ကတိပေးတယ်”လို့ ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/inbound1873711194676941108.jpg)
အဲရစ်တန်ဟတ်ဟာ ဒီရာသီအိုးထရက်ဖိုဒ့်နောက်ဆုံးပွဲစဉ်အပြီး ပရိသတ်တွေကို စကားပြောရာမှာ လှောင်ပြောင်မှုတွေကို ခံခဲ့ရသေးတာဖြစ်ပါတယ်။