ဗီလာအသင်းဟာ စပါးအသင်းက မန်စီးတီးအသင်းကို အရေးနိမ့်ပြီးနောက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/Getty-Images-1024x576.jpg)
ဗီလာအသင်းဟာ စပါးနဲ့ မန်စီးတီးအသင်းပွဲကစားနေတဲ့အချိန်မှာ အသင်းရဲ့နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲနဲ့ ညစာစားပွဲအခမ်းအနားကို ကျင်းပနေတာပါ။စပါးနဲ့ မန်စီးတီးအသင်းပွဲစဉ်ပြီးဆုံးတဲ့အချိန်မှာတော့ ဗီလာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။
အဲ့ဒါကြောင့် နည်းပြ အူနှိုင်းအမ်မရီအပါအအဝင် ကစားသမားတွေဟာ အကြီးအကျယ်အောင်ပွဲခံခဲ့ကြပြီး ရှန်ပိန်တွေကို ဖြန်းပတ်ခဲ့ကြတာပါ။ဗီလာအသင်းဟာ အူနှိုင်းအမ်မရီကိုင်တွယ်ပြီးကတည်းက ရလဒ်ကောင်းတွေရရှိခဲ့ပြီး ဒီရာသီမှာ ယူရိုပါကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့ကာ အခု ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
Unai Emery: "It's a very special day.
— Aston Villa (@AVFCOfficial) May 14, 2024
"It's our dream, we started the season to be here." pic.twitter.com/2oy1m9kCCU
အူနှိုင်းအမ်မရီက ဒီနေ့ဟာ သူတို့အတွက် စပါယ်ရှယ်နေ့နဲ့ အထူးနေ့ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်မှာ ကစားရတာက အလွန်ကောင်းမွန်တယ်လို့ ပြောခဲ့ပါတယ်။ဗီလာအသင်းဟာ ရာသီပိတ်နောက်ဆုံးပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။