Uncategorized

အော်တီဂါကို အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအဖြစ် ဂွာဒီယိုလာချီးကျူး

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက စပါးအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ ဂိုးကာကွယ်မှုကို ပြုလုပ်နိုင်ခဲ့တဲ့ ဂိုးသမား အော်တီဂါကို နည်းပြ ဂွာဒီယိုလာက ချီးကျူးသွားခဲ့ပါတယ်။

အော်တီဂါဟာ အဓိက ဂိုးသမားဖြစ်တဲ့ အီဒါဆန်ဒဏ်ရာရသွားခဲ့တာကြောင့် ဒီပွဲမှာ မန်စီးတီးအသင်းအတွက်လူစားဝင်အဖြစ်ပါဝင်ခဲ့ရတာပါ။အော်တီဂါဟာ ဟာလန်းအသင်းအတွက် ပင်နယ်တီကနေ ဒုတိယဂိုးမသွင်းခင်အချိန်မှာ ဆွန်ဟောင်မင်ကန်သွင်းတဲ့ ဂိုးဝင်နိုင်တဲ့ အခွင့်အရေးကို ကာကွယ်မှုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ဒီကာကွယ်မှုဟာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်တိုက်ရယူနိုင်ဖို့ နီးစပ်သွားစေခဲ့တာပါ။အဲ့ဒါကြောင့် ပွဲအပြီးမှာ တစ်သင်းလုံးက အော်တီဂါကို ချီးကျူးခဲ့သလို နည်းပြ ဂွာဒီယိုလာကလည်း ချီးကျူးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာက “၁ ယောက်ချင်းစီတွေ့တဲ့အချိန်မှာ အော်တီဂါဟာ ကျနော်မြင်တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးပါ။သူဟာ အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုပြုလုပ်ခဲ့ပြီး ဒီလိုသာမလုပ်နိုင်ရင် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားမှာပါ”လို့ ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့တာကြောင့် အဆင့် ၂ နေရာက အာဆင်နယ်အသင်းကို ၂ မှတ်အသာရသွားခဲ့ပြီး နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ အနိုင်ရရင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၄ နှစ်ဆက်တိုက်ရရှိတော့မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol