Uncategorized

ထိုင်းလိဂ်ပွဲစဉ် ၂၈ ရဲ့အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ အောင်သူ

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ ဒီတစ်ပတ်ကစားခဲ့တဲ့ ထိုင်းလိဂ်ပွဲစဉ်မှာ အူထိုင်းထာနီအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ပွဲစဉ် ၂၈ ရဲ့အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

အောင်သူဟာ အူထိုင်းထာနီအသင်းက အသင်းဟောင်း လမ်ပန်ဝါရီယာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အသင်းအတွက် ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးနိုင်ခဲ့တာပါ။အောင်သူဟာ ဒီပွဲမှာ ဂိုးသွင်းယူပြီးနောက် အသင်းဟောင်း ပရိသတ်တွေကို လေးစားတဲ့အနေနဲ့ အောင်ပွဲခံသွားခြင်းမရှိတာဖြစ်ပါတယ်။အောင်သူဟာ ဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကို ရခဲ့သလို ထိုင်းလိဂ်ရဲ့အကောင်းဆုံးအသင်းမှာပါ ပါဝင်ခဲ့တာပါ။

အောင်သူဟာ ဒီရာသီမှာ အူထိုင်းထာနီအသင်းအတွက် ၂၉ ပွဲပါဝင်ကစားထားပြီး ၄ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးထားတာဖြစ်ပါတယ်။အူထိုင်းထာနီအသင်းဟာ ဒီရာသီထိုင်းလိဂ် ၁ ပြိုင်ပွဲမှာ အဆင့် ၇ နေရာရပ်တည်နေပြီး လက်ကျန် ၂ ပွဲမှာ ရလဒ်ကောင်းတွေရယူကာ အဆင့် ၆ နေရာတက်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

အောင်သူနဲ့ အူထိုင်းထာနီအသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး နောက်ရာသီအတွက် စာချုပ်သစ်ထပ်ချုပ်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol