Premier League

နော်ဝေအထိပါ ဆေးအဖွဲ့ဝင်ထည့်ပေးပြီး ဟာလန်းကို အထိခိုက်မခံချင်တဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဟာလန်းကို အနီးကပ်စောင့်ကြည့်ဖို့ အတွက် နော်ဝေလေ့ကျင့်ရေးဆီကို ကာယကုထုံးပညာရှင် မာရီယိုပါဖန်တီကို စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

ဟာလန်းဟာ ဒီရာသီမှာ အသင်းအတွက် အလွန်ခြေစွမ်းပြနေပြီး ပါဝင်ကစားပေးထားတဲ့ ၉ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူထားတာပါ။ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီ ဒေါ့မွန်အသင်းမှာ ကစားခဲ့တုန်းက ဒဏ်ရာပြဿနာတွေကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။Up

အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ သူတို့ရဲ့တိုက်စစ်မှူးကို အထိခိုက်မခံစေချင်နေတာပါ။နော်ဝေနည်းပြကတော့ ပါဖန်တီဟာ သူတို့ရဲ့တတိယ ကာယကုထုံးနဲ့ ထိထိရောက်ရောက်လုပ်ဆောင်မှာဖြစ်ပေမယ့် ဟာလန်းနဲ့ သီးသန့်အလုပ်လုပ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဆားဘီးယား၊ ဆလိုဗားကီးယားတို့နဲ့ကစားမယ့် နေးရှင်းလိဂ်ပွဲစဉ်အတွက် အဆိုပါဆေးအဖွဲ့ဝင်ကို နော်ဝေအသင်းရဲ့နည်းပြအဖွဲ့ဝင် ထဲမှာ ထည့်သွင်းပေးသင့်ကြောင်း ဟာလန်းက အကြံပြုထားတာဖြစ်ပါတယ်။

ဟာလန်းအတွက်တော့ မန်စီးတီးကစားသမားဖြစ်လာပြီးနောက် ပထမဆုံးနိုင်ငံတကာပွဲကစားမှာ ဖြစ်ပြီး အသင်းဘက်က လက်ရွေးစင်အသင်းနဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ စိတ်အားထက်သန်နေတာပါ။

မန်စီးတီးအသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီးမှာ ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာဒါဘီယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ