Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။

ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။

ပွဲပြီးခါနီးမှာ ကော်နက်က ဝက်စ်ဟမ်းအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့် မန်ဒီကို ဘိုဝင်က ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး ဒီဂိုးကို VAR နဲ့ ပြန်လည်ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း ပရိသတ်တွေက တော်တော်လေး ဝေဖန်နေကြပါတယ်။

ဘိုဝင်နဲ့မန်ဒီတို့ သာမန်တယောက်ချင်း ရင်ဆိုင်အတွေ့မှာ ထိမိခဲ့တာကို မန်ဒီက ဒဏ်ရာအပြင်းအထန် ရရှိသလိုမျိုး ဟန်ဆောင်လှဲချခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာလည်း မိုယက်စ်က ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့သလို “မန်ဒီက ဒိုင်ဗင်ထိုးသွားတယ်လို့ ကျနော် အမှန်တကယ် စဥ်းစားမိပါတယ်”

“သူက ဘောလုံးဆုံးရှုံးသွားတာနဲ့ ချက်ချင်းပဲ ဒဏ်ရာရရှိသွားသလိုမျိုး ဟန်ဆောင်ခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။ တကယ်တမ်းမှာလည်း မန်ဒီက ဘာမှကြီးကြီးမားမား ထိခိုက်မိခဲ့ခြင်းမရှိဘဲ ဂိုးကို ပယ်ဖျက်ပြီးတဲ့နောက် ပုံမှန်အတိုင်း ဆက်ကစားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးပရိသတ်တွေကလည်း ဝက်စ်ဟမ်းတိုက်စစ်မှူး အန်တိုနီယို ဂိုးမသွင်းခင်မှာ ချဲလ်ဆီးကစားသမားကို ရိုက်ခဲ့တဲ့အပေါ် အနီကတ်မထိတာကို ပြန်လည်ထောက်ပြနေကြပါတယ်။ တကယ်လို့သာ အန်တိုနီယို အနီကတ်ထိခဲ့ရင် ဝက်စ်ဟမ်းလည်း ဦးဆောင်ဂိုးမရနိုင်ဘူးလို့ ဝေဖန်နေကြတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။