Uncategorized

ကစားသမား ၃ ဦးလွဲပြီး တစ်သင်းလုံးကို ရောင်းချဖို့ ရှိနေတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ နွေရာသီမှာ အသင်းကို ကြီးကြီးမားမားပြုပြင်ပြောင်းလဲဖို့အတွက် လူငယ်ကစားသမား ၃ ဦးကလွဲပြီး တစ်သင်းလုံးကို ရောင်းချဖို့ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်မရတော့တာကြောင့် အသင်းကို ပြုပြင်ပြောင်းလဲချင်နေတဲ့ ဆာဂျင်ရက်ကလပ်ဖ်ရဲ့INEOS အစီအစဉ်ကို ထိခိုက်စေခဲ့သလို ကစားသမားတွေရဲ့အနာဂတ်ကိုပါ ထိခိုက်လာခဲ့တာပါ။အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ကစားသမားတွေကို ရောင်းချချင်နေပြီး သူတို့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် အပြောင်းအရွှေ့တွေကို စဉ်းစားသွားတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အကယ်ဒမီထွက်ရက်ရှ်ဖိုဒ့်ကိုလည်း ရောင်းချသွားဖို့ရှိနေတာပါ။လက်ရှိအချိန်မှာ အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် နည်းပြ အဲရစ်တန်ဟတ်ရဲ့အနာဂတ်ကလည်းသေချာမှုမရှိတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ လူငယ်ကသစားသမားတွေဖြစ်တဲ့ ဂါနာချို၊ကိုဘီမိုင်နူးနဲ့ ဟော့ဂျ်လန်းတို့ကိုသာ အသင်းမှာ ဆက်ထားဖို့ ရည်ရွယ်ထားတာပါ။

မန်ချက်စတာကလပ်ဟာ ဒီကစားသမား ၃ ဦးနဲ့ အသင်းကို တည်ဆောက်ပြီး ဆုဖလားအောင်မြင်မှုတွေရယူနိုင်ဖို့အထိ မျှော်လင့်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol