ဘာစီလိုနာအသင်းဟာ ဗလင်စီယာအသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီးနောက် လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် လာလီဂါပွဲစဉ်ကစားဖို့ ၅ ပွဲသာကျန်ရှိတော့တဲ့အချိန်မှာ အဆင့် ၅ နေရာက ဘီလ်ဘာအိုအသင်းနဲ့ ၁၅ မှတ်ကွာဟနေပြီဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုအသင်းကို ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရယူသွားနိုင်ခဲ့တာပါ။
အဲ့ဒါကြောင့် ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တဲ့ ၁၁ သင်းမြောက်အသင်းဖြစ်လာခဲ့ပါတယ်။တခြားအသင်း ၁၀ သင်းကတော့ အာဆင်နယ်၊မန်စီးတီး၊ရီးရယ်လ်၊လေဗာကူဆင်၊ဘိုင်ယန်မြူးနစ်၊အင်တာမီလန်၊အေစီမီလန်၊ပီအက်စ်ဂျီ၊ပီအက်စ်ဗီနဲ့ ဖီယင်နုအသင်းတို့ဖြစ်ပါတယ်။
ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေဟာ ရာသီကုန်ဆုံးဖို့နီးကပ်လာပြီဖြစ်တာကြောင့် မကြာခင်ရက်သတ္တပတ်အတွင်းမှာ နောက်ထပ်ဝင်ခွင့်ရအသင်းတွေကို ထပ်ပြီးတွေ့လာရဖို့ရှိနေတာဖြစ်ပါတယ်။