Uncategorized

မန်စီးတီး အမှတ်လျော့နိုင်သေးတယ်လို့ ဆိုခဲ့တဲ့ ဆာကာ

အာဆင်နယ်အသင်းတောင်ပံကစားသမား ဆာကာက မန်စီးတီးအသင်းဟာ ပြီးပြည့်စုံတဲ့အသင်းမဟုတ်တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ပွဲမှာ အမှတ်လျော့နိုင်သေးတယ်လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ စပါးအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီးနောက် နှစ်ပေါင်း ၂၀ ကျော်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ဒီရာသီမှာ ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ဒါပေမယ့် မန်စီးတီးအသင်းက နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ ရမှတ်ကွာဟမှု ၁ မှတ်သာရှိတော့တာဖြစ်ပါတယ်။ပြီးတော့ မန်စီးတီးအသင်းက ပွဲကျန်ကစားဖို့ ၁ ပွဲကျန်ရှိနေသေးတာပါ။

စပါးအသင်းနဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် တစ်ဂိုးသွင်းယူခဲ့တဲ့ ဆာကာကတော့ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမပြီးဆုံးခင်မှာ မန်စီးတီးအသင်းခြေချော်နိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဆာကာက”မန်စီးတီးက အံ့သြစရာကောင်းတဲ့အသင်းဖြစ်ပေမယ့် သူတို့ဟာ ပြီးပြည့်စုံတဲ့အသင်းမဟုတ်ပါဘူး။ဘယ်အသင်းကမှမပြီးပြည့်စုံတဲ့အတွက် သူတို့အမှတ်တွေလျော့သွားနိုင်ပါတယ်။ကျနော်တို့ကတော့ လက်ကျန်ပွဲတွေမှာ အရာအားလုံးပေးပြီး ကိုယ့်အလုပ်ကိုအကောင်းဆုံးလုပ်သွားမယ်”လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol