Uncategorized

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အဆုံးသတ်သွားခဲ့ရပြီဖြစ်တဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ဒီမနက်ကစားခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ပွဲစဉ်က သရေရလဒ်ကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ရပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ မနေ့က ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ပွဲစဉ်မှာ ၁ ဂိုးစီသရေကျခဲ့တာကြောင့် အဆင့် ၄ နေရာက ဗီလာအသင်းနဲ့ ၁၃ မှတ်ကွာဟသွားခဲ့ပြီဖြစ်တာပါ။အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ကစားဖို့ကျန်ရှိနေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲစလုံးအနိုင်ရပြီး အက်စတွန်ဗီလာအသင်းက ခြေချော်ခဲ့ရင်တောင်လိုက်မှီဖို့ လွယ်ကူတော့မှာမဟုတ်ပါဘူး။

ယူနိုက်တက်အသင်းဟာ ဒီပွဲအပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့ပြီး ရမှတ်တွေဆုံးရှုံးခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်လွှတ်ခဲ့ရပါတယ်။အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်ရယူနိုင်ဖို့အတွက် လာမယ့်ပွဲတွေမှာ အမှတ်တွေမဆုံးရှုံးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ FA ဖလားဗိုလ်လုပွဲတက်ရောက်ထားခဲ့ပြီး မန်စီးတီးအသင်းကို အနိုင်ရခဲ့ရင်လည်း ယူရိုပါလိဂ်ဝင်ခွင့်ကို ရယူနိုင်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol