Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ ကော်နက်က ဝက်စ်ဟမ်းအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့် မန်ဒီကို ဘိုဝင်က ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး ဒီဂိုးကို VAR နဲ့ ပြန်လည်ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း ပရိသတ်တွေက တော်တော်လေး ဝေဖန်နေကြပါတယ်။ ဘိုဝင်နဲ့မန်ဒီတို့ သာမန်တယောက်ချင်း ရင်ဆိုင်အတွေ့မှာ ထိမိခဲ့တာကို မန်ဒီက ဒဏ်ရာအပြင်းအထန် ရရှိသလိုမျိုး ဟန်ဆောင်လှဲချခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာလည်း မိုယက်စ်က ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့သလို “မန်ဒီက ဒိုင်ဗင်ထိုးသွားတယ်လို့ ကျနော် အမှန်တကယ် စဥ်းစားမိပါတယ်” “သူက ဘောလုံးဆုံးရှုံးသွားတာနဲ့ […]