Premier League

ပရိသတ်ချစ်ပေမယ့် ခြေစွမ်းမပြနိုင်တော့တဲ့ ဆွန်ကို ကွန်တီချန်လှပ်မယ်လို့ ဝန်ခံ

စပါးနည်းပြ ကွန်တီက သူ့အနေနဲ့ လက်စတာနဲ့ ဒီကနေ့ည ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ ဆွန်ဟောင်မင်ကို ချန်လှပ်ဖို့ ပြင်ဆင်ထားကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတာပါ။

ပြီးခဲ့တဲ့ရာသီမှာ အဆိုပါ တောင်ကိုရီးယား ကစားသမားလေးက အသင်းအတွက် ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုကိုလည်း လီဗာပူးတိုက်စစ်ကစားသမား ဆာလာနဲ့ ပူးတွဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ဆွန်ဟောင်မင်က အသင်းအတွက် တဂိုးမှ မသွင်းယူနိုင်သေးပါဘူး။

ကွန်တီက “ဆွန်က မပျော်ရွှင်တာ သေချာတာပေါ့။ ဘာကြောင့်လဲဆိုတော့ သူက ဂိုးမှမသွင်းနိုင်တာ။ သူလက်ရှိအနေအထားအတွက် စိတ်ဆိုးနေတာက သာမန်ကိစ္စပါပဲ။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်လည်း ပြောင်းလဲချင်နေလို့လေ”

“ကျနော်တို့ ဆွန်ဟောင်မင်အကြောင်းကို ပြောနေကြပေမယ့် သူက ကျနော်တို့အတွက် တကယ်ကို အရေးပါတဲ့ ကစားသမားပါ။ အချို့ပွဲတွေမှာ သူ ပွဲထွက်ခွင့်မရမှာတော့ သေချာပါတယ်။ ဟယ်ရီကိန်းလည်း အတူတူပါပဲ”

“ဒါပေမယ့် ဒါက ဆွန်ဟောင်မင်ကို ကာကွယ်ပေးဖို့အတွက်၊ အနားပေးဖို့အတွက်၊ သူ့ခွန်အားတွေကို ချွေတာစေဖို့အတွက်၊ ကျနော်တို့အတွက် နိုင်ပွဲတွေရဖို့အတွက်ပါပဲ။ လက်စတာနဲ့ပွဲမှာတော့ ကျနော် သေချာပေါက် အပြောင်းအလဲလုပ်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အသင်းရဲ့ တောင်ပံကစားသမား ကူလူဆက်ဗ်စကီးကလည်း နောက်ဆုံး သုံးပွဲဆက်တိုက် အရန်ခုံထိုင်ခဲ့ရပါတယ်။ ဒီအပေါ်မှာလည်း ကွန်တီက “ကူလူဆက်ဗ်စကီးကို ချန်လှပ်ရတာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး”

“ဒါပေမယ့် ကျနော် ချမှတ်သမျှ ဆုံးဖြတ်ချက်တိုင်းက အသင်းကောင်းဖို့အတွက်ပဲ အမြဲတမ်းဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒီတပတ်မှာ ပရီးမီးယားလိဂ်ပွဲ (၇) ပွဲသာ ကစားမှာဖြစ်ပြီး စပါးပွဲကလည်း ပုံမှန်အတိုင်း ကစားသွားမှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ