Premier League

ယူနိုက်တက်ကစားသမားဘဝမှာ အကြိုက်ဆုံးဂျာစီကို ဒီဂီယာရွေးချယ်

ယူနိုက်တက်ဂိုးသမား ဒီဂီယာက သူ့ရဲ့ မန်ချက်စတာမြေက ကစားသမားဘဝမှာ သဘောအကျဆုံး ဂျာစီအဖြစ် (၂၀၁၄-၁၅) ဘောလုံးရာသီမှာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို ရွေးချယ်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ယူနိုက်တက် ဂိုးသမား ဂျာစီက အမည်းရောင်ဖြစ်ခဲ့တာပါ။

အသက် (၂၀) အရွယ်မှာတည်းက ဒီဂီယာက ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဖာဂူဆန်နဲ့အတူ ဖာဂူဆန်နောက်ပိုင်း ခေတ်အဆက်ဆက် နည်းပြတွေ လက်ထက်မှာ အသင်းရဲ့ အဓိကဂိုးသမားအဖြစ် အသုံးတော်ခံခဲ့ပါတယ်။

ဒီဂီယာဟာ (၂၀၁၁) မှာ အက်သလက်တီကိုကနေ ပြောင်းရွှေ့ကြေး ပေါင် (၂၂.၅) သန်းနဲ့ ရောက်ရှိလာခဲ့ပြီး အသင်းရဲ့ အဆိုးရွားဆုံးအခြေအနေတွေမှာတောင် အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပြခဲ့တာပါ။

ဒီလိုမျိုး သူရဲ့ ယူနိုက်တက် ကစားသမားဘဝ အကြိုက်ဆုံး ဂျာစီကို ရွေးချယ်ခိုင်းချိန်မှာတော့ ဒီဂီယာက (၂၀၁၄-၁၅) ဘောလုံးရာသီက ဂျာစီကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း ဒီဂီယာက “ကျနော်က အမည်းရောင် ဂျာစီတွေကို ကြိုက်ပါတယ်”

“ဒီတော့ အဲ့ဒီနှစ်က အမည်းရောင်ကို ကျနော် သဘောကျပါတယ်။ အရမ်းလည်း ကောင်းပါတယ်။ ယူနိုက်တက်မှာ ဝတ်ဆင်ခဲ့တဲ့ ဂိုးသမား ဂျာစီအားလုံးကို ကျနော် သဘောကျမြတ်နိုးပါတယ်”

“ဒါပေမယ့် အမည်းရောင်ဂျာစီတွေကတော့  အကောင်းဆုံးပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် (၂၀၁၅-၁၆) ဘောလုံးရာသီမှာ ဝတ်ဆင်ခဲ့တဲ့ ယူနိုက်တက်ရဲ့ အဝေးကွင်းဂိုးသမား ဂျာစီ အဝါရောင်ကိုလည်း သဘောကျကြောင်း ဒီဂီယာက ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

အဲ့ဒီနှစ်မှာ ယူနိုက်တက်က အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး အရောင်ကြောင့် မဟုတ်ဘဲ အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းကြောင့် သဘောကျတာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ